Pages

ချည်တိုင်

>> Friday, July 31, 2009

ကာမဂုဏ်က ငါတို့ကို ချည်တုတ်ထားလိုက်တာ ကြိုးကအကြီးကြီး
လောဘရမက်ကလည်း အရင်ဘ၀ကဒိုင်နိုစော ၀င်စား
ကရုဏာရှင်လက်ကမ်းတာတောင်မှ ပျားတုတ်ခံပြီး ပျားရည်စက်ကိုတပ်မက်တုန်း
အချို့ကတော့ ညည်းကြတယ်လေ … စက်ရုပ်ဘ၀ကြီးပါတဲ့
ဘာဖြစ်လဲ
ငါကလည်း အဲဒီစက်ရုပ်ပဲ ဖြစ်ချင်နေတာ
အဲဒီမှာ ငါ့ရည်မှန်းချက်ရှိတယ်
လွတ်လပ်မယ် မျှတမယ်
ဒါပေမယ့်
ငါဖြစ်မယ့် စက်ရုပ်မှာ လတ်ဆတ်တဲ့နှလုံးသားတော့ ပါရလိမ့်မယ်…။

Read more...

စိမ်းလန်းခွင့်မရှိတဲ့ သစ်တော

>> Tuesday, July 28, 2009

ဗိုက်ဟောင်းလောင်းလမ်းမတွေက
နေရာတကာ ရှည်လျားလွန်းကြလို့
အမှောင်ချခံထားရတဲ့ ငါတို့မျှော်လင့်ချက်ကလေးတွေကို
ထုပ်ပိုးပေးပို့လိုက်ပါရဲ့ ငါတို့ရဲ့ ရည်ရွယ်ရာလေးတွေရေ…

အချိန်အဆအချိုးအစား မသိတော့
ဘ၀က အရသာ မကောင်းဘူးတဲ့လား
မိုးတွေ အလကား ချုပ်, ချုပ်သွား
နေတွေ အလကား ထွက်, ထွက်လာ
ငါတို့ကတော့ ပျော်လို့ကောင်းနေကြတုန်းလား

ဝေဒနာကိုယ်ထင်ပြမှ
ငါတို့ကိုယ်ငါတို့ လူနာမှန်းရိပ်မိ
ဒီအချိန်ကျမှ ရှိသမျှအကုန်လောင်း
ဘယ်လိုမောင်း, မောင်း ကံကြမ္မာကောင်းကို မမီတော့ဘူး

လက်ရုံးရေ…
ရာသီဥတုကပဲ ဆိုးရွားလွန်းသလား
ငါတို့ကပဲ ပိန်ညှော်လွန်းသလား
ဘယ်ကြည့်ကြည့် သစ်ငုတ်ပင်တွေချည်းပဲ…

Read more...

ဟာသ

>> Saturday, July 25, 2009

ထင်ထားသလောက်မဆိုးဘူးလား
တက်လာတဲ့ အပွင့်တွေ ဖတ်ခနဲ ပွင့်
ဘ၀က အဆင်ပြည့်နဲ့ အိုကေ
ငါကိုယ်တိုင်ကိုက ဂျိုကာလေ…

Read more...

ရန်ကုန်

>> Wednesday, July 22, 2009

“အထူး” မဟုတ်ရင် အထူးစုတ်တဲ့ ဘတ်စ်တွေ
သူသေကိုယ်သေ ပြိုင်မောင်းတဲ့ ရန်ကုန်ပေါ့
သစ်ပင်ကျိုးတိုးကျဲတဲနဲ့ ခေါင်းမွေးပြောင်နေပုံက
နွေခေါင်ခေါင်မှာ
အသက်ငင်နေတဲ့ မြွေတစ်ကောင်လို ဖျပ်ဖျပ်လူး

အလန့်တကြား လှုပ်ရှား
ရန်ကုန်သူ ရန်ကုန်သားများရဲ့ ရှေ့တန်းစစ်မျက်နှာပြင်
ဘဏ်မှာ ဆာလာအိတ်နဲ့ ငွေအပ်သူနဲ့၊ လမ်းဆုံတိုင်းမှာ တောင်းစားသူနဲ့
အလုပ်နဲ့လက်နဲ့မပြတ်သူမပြတ်၊ အလုပ်က လက်မှာ မရှိသူမရှိ
သူဌေးလား ခွေးလား ရန်ကုန်
ဖြစ်ပျက်သမျှဟာ ကြုံရာကျပန်း

သူခိုးလက်ခံဆိုင်၊ ဘာမဆိုရတဲ့ မှောင်ခိုဈေးကွက်၊
ကြိုက်ရာယူ ၁၀၀၀၊ တရုတ်စာလုံးအကြီးကြီးနဲ့ အပေါင်ဆိုင်၊
လူတွေကားလမ်းပေါ်တက်လျှောက်ရတဲ့ ပလက်ဖောင်းဈေးသည်တွေ
ကားလမ်းတွေပေါ်မှာ ကားမရပ်ရ ဆိုတော့ ပလက်ဖောင်းပေါ်တက်ရပ်တဲ့ကား၊
လမ်းလျှောက်သူတွေကတော့ တ၀ီးဝီးကားလမ်းမပေါ်ဆင်းလျှောက်ပေးရပြန်တဲ့ရန်ကုန်
ဘယ်နေရာကြည့်ကြည့် mp3, mp4, mobile phone ပြင်သည် ဆိုတာချည်းပဲ မြို့ထဲ

အင်းယျားရာဇ၀င်ကိုလည်း မေ့ခဲ့ကြပြီ
RC2လည်း အလယ်တန်းကျောင်းဖြစ်ခဲ့ပြီ
ရှိသမျှအကုန်ရောင်း အိတ်ဟောင်းလောင်းနဲ့ ရန်ကုန်ပါ
အနာက မကျက်ဘဲ အပေါ်ယံပဲတင်းနေတဲ့ ရန်ကုန်ပါ
မကောင်းမှုကို ဇောင်းပေးခံရတဲ့ ရန်ကုန်ပါ

ဒေါသနဲ့ ဟာသနဲ့
ဂတုံးပေါ် ဂတုံးက ထိပ်ကွက်
လူမမာလို အသံရှုသံမမှန်
ကောင်းကင်ကြိုးတန်းပေါ် လမ်းလျှောက်
ရန်ကုန်ဟာ လေးထောင့်ဆန်တယ်ဆိုတာ သက်သေပြစရာမလိုတော့။ ။

Read more...

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP