လက်ဖက်ရည်ဆိုင်ထိုင်ခြင်း
>> Saturday, December 22, 2007
မနက်ခင်းချမ်းစီးစီးမှာ
ကျွန်တော်တို့ကို အကောင်းဆုံးဝန်ဆောင်မှု အမြဲပေးတတ်တဲ့
အသွက်လက်ဆုံး (၁၀)နှစ်အရွယ် စားပွဲထိုးလေးလည်း
သူ့ဆိုင်ရှင်ရဲ့ သားငယ်လေးကို ကျောင်းလိုက်ပို့နေရပြီ
သူ့အတွက်တော့ ကျောင်းဆိုတာ အဝေးကြည့်ပေမယ့်
အတွက်အချက်ပေါင်းနှုတ်မြောက်စားကတော့ ကျွန်တော်တို့ထက် သာလိမ့်မယ်
(သူ့ထမင်းကျွေးတဲ့ အလုပ်လေ)
ကျွန်တော်တို့လည်း ရေနွေးပူပူတစ်အိုးလုံး ကုန်အောင်ထိုင်သောက်နေမိတယ်။
2 comments:
ကောင်းလွန်းပါတယ်။ ရိုရှင်းတယ်။ ကဗျာဖတ်သူအတွက်ချန်ထားနိုင်ခဲ့တဲ့ကဗျာတစ်ပုဒ်ပါ။
ကဗျာလေးက ရင်ထဲကို ထိတယ်ဗျာ။
Post a Comment