ဝမ်းနည်းမိုးတိမ်များ
>> Saturday, September 20, 2008
သမရိုးကျ ကိစ္စဘဲလို့တော့
တွေးတောင်မတွေးတတ်တော့ဘူး
ငါ့ပစ္စပ္ပန်တွေက
အညိုရောင်တိမ်ပုဒ်တွေလို
မြင်ရတာနဲ့တင် ကြေကွဲဖို့ကောင်းနေပြီ။ ။
ကောင်းကင်ကြီးက ခဏ ခဏ မာယာ များတတ်သလိုပေါ့
ကိုယ့်ဝမ်းနည်းမှု ကိုယ်ပြန်မြိုချ
အဓိပ္ပါယ်မဲ့ ပြုံပြနေရတာလောက်
သနားဖို့ကောင်းတဲ့ သတ္တ၀ါမရှိတော့ဘူး
ဗီဇ တစ်ခုသာပြုပြင်ရခက်နေရင်
ငါ့ ခန္ဓာကိုယ်တစ်ခုလုံးကို
အစိတ်စိတ်ခွဲပြီး ရှာကြည့်လှည့်စမ်းပါ…
ငါဘယ်လောက်ထိမ်းချုပ်ခဲ့လဲ့ မြင်လာလိမ့်မယ်…
အယူအဆနဲ့ တွေခေါ်ပုံခြင်းမတူညီတာဘဲ
အဖြေတစ်ခု ဖြစ်လိမ့်မယ်…
စကားလုံးတွေက ၀မ်းနည်းမှုကိုလဲ ဖန်တီးလေ့ရှိတယ်
ပျော်ရွှင်မှုကိုလဲ ရှာကြံပေးတတ်ကြတယ်လေ…
ခုချိန်ထိ ကန့်သတ်ချက်မထားနိုင်သေးတာ
ငါ့ အားနည်းချက်တစ်ခုပေါ့။ ။
0 comments:
Post a Comment