ချည်တိုင်
>> Friday, July 31, 2009
ကာမဂုဏ်က ငါတို့ကို ချည်တုတ်ထားလိုက်တာ ကြိုးကအကြီးကြီး
လောဘရမက်ကလည်း အရင်ဘ၀ကဒိုင်နိုစော ၀င်စား
ကရုဏာရှင်လက်ကမ်းတာတောင်မှ ပျားတုတ်ခံပြီး ပျားရည်စက်ကိုတပ်မက်တုန်း
အချို့ကတော့ ညည်းကြတယ်လေ … စက်ရုပ်ဘ၀ကြီးပါတဲ့
ဘာဖြစ်လဲ
ငါကလည်း အဲဒီစက်ရုပ်ပဲ ဖြစ်ချင်နေတာ
အဲဒီမှာ ငါ့ရည်မှန်းချက်ရှိတယ်
လွတ်လပ်မယ် မျှတမယ်
ဒါပေမယ့်
ငါဖြစ်မယ့် စက်ရုပ်မှာ လတ်ဆတ်တဲ့နှလုံးသားတော့ ပါရလိမ့်မယ်…။
4 comments:
အဲဒီမှာ ငါ့ရည်မှန်းချက်ရှိတယ်
လွတ်လပ်မယ် မျှတမယ်
ဒါပေမယ့်
ငါဖြစ်မယ့် စက်ရုပ်မှာ လတ်ဆတ်တဲ့နှလုံးသားတော့ ပါရလိမ့်မယ်…။
မှန်ပဗျာ :)
ကဗျာလေးက ရှင်းရှင်းပြတ်ပြတ်လေး...ကြိုက်တယ်။
လတ်ဆတ်တဲ့နှလုံးသားကြောင့်ပဲ စက်ရုပ်ဆန်ဆန် မတွေးဘဲ လူသားဆန်ဆန် တွေးတွေးနေလို့ ဒုက္ခရောက်နေပေါ့...။
အောက်ဆုံးက အပိုဒ်လေး ထိတယ်။
ငါ့ရည်မှန်းချက်ရှိတယ်။ လွတ်လပ်မျှတမယ်၊ စက်ရုပ်ဖြစ်ပေမယ့် လတ်ဆတ်တဲ့ နှလုံးသားတော့ ပါရလိမ့်မယ်။ တဲ့....
လတ်ဆတ်တဲ့ ဖြူဖြူစင်စင်နှလုံးသားလေး ပိုင်ဆိုင်ပါစေနော်။
Post a Comment