ဒီကဗျာကို ခိုးပါ
>> Thursday, August 13, 2009
ကဗျာတစ်ပုဒ်ဖြစ်ဖို့ အလွယ်ကလေးပဲဗျ
ငါ့မှာ တအံတသြဖြစ်ရ
တု၊ စု၊ ပြု မဟုတ်တော့ဘူးနော်
တိုက်-ရိုက်-ကူး ဖြစ်နေပါပြီ
တချို့တွေများပြောပါတယ်။
သူနဲ့ ငါ တူတာလည်းမဟုတ်၊ ဆွေမျိုးလည်း မတော်
အဲဒါကို
ငါ့လွမ်းတဲ့အကြောင်းက သူ့လွမ်းတဲ့အကြောင်း
ငါ့မိသားစုက သူ့မိသားစု
ငါ့အမေကလည်း သူ့အမေ တဲ့
မေ့သွားသလားတော့မသိဘူး
အောက်ခြေမှာ ငါ့နာမည်မပါတာကလွဲလို့ ကျန်တာအားလုံးတူတယ်။
အဲဒါလည်းကဗျာဖြစ်တာပဲ
ကိုမိုးလှိုင်ညပြောသလို Copy-Paste ကဗျာလေ
ကိုယ်စား ရေးခိုင်းထားသလိုပဲနော်
ကဗျာ အမြွှာပူးလေးလား
ယူကြဦးမလား ကဗျာ
ဟော့ဒီမှာနော် အားလုံးအတွက် ကဗျာ။
8 comments:
ဒီကဗျာတော့ လုံးဝ ကြိုက်သွားပြီ။ :)
အစ်မလည်း စာတစ်ပုဒ်ရေးဦးမယ်။ ဒီရေးဟန်ကို ယူပါလို့  :D
ဒီကဗျာကကိုခိုးပါ....
အဲလိုတောင် ရက်ရက်ရောရော မရွဲ့နိုင်ပါဘူးကွယ်
ကိုယ်မွေးထားတဲ့သားသမီးတွေကိုး
နည်းနည်းလေးဖဲ့ယူသွားလည်းနာကျင်ရတာပဲ
ပြန်ပေးဆွဲခံရလည်း နာကျင်ရတာပဲ
ခေါင်းတခြားကိုယ်တခြားဖြစ်နေလည်း နာကျင်ရတာပဲ
.....................
ဒါပေမယ့် အဲဒီနာကျင်ခြင်းတွေက အသံမမြည်တဲ့အခါ
.............မြည်ခွင့်မရတဲ့အခါ....
မြည်ချင်စိတ်မရှိတော့တဲ့အခါ.........
.....
ဝေးးးးး
ကြုံရဆုံရတွေကြားထဲ
ဆရာစိုင်းပေါက်ကွဲနေပြီ :)
ဟားဟား ဟေ့လူ ကဗျာအမွှာပူးလေးဖြစ်မှာပါ...။
ဖြစ်တတ်တယ် ဖြစ်တတ်တယ်...။
ဆရာချင်းများ တူနေသလားမပြောတတ်ဘူး ကျွန်တော့် ဆရာက လဲ ကို စိုင်းလို ရှမ်း လူမျိုး ဖြစ်တဲ့ အပြင် စု၊တု၊ ပြု လက်ကိုင် ထားသူတစ်ယောက်မို့ ပါ ..... ဆရာသား များ ဖြစ်နေသလားရယ် မသိ ..... ကဗျာလေးက ကောင်းလှပါတယ် .... ပျော်ရွှင်ပါစေ ....... :)
ကိုစိုင်းရေ ကဗျာတွေလာဖတ်ဖြစ်တယ် ဘန်းလေးပေါ်တင်အော်ရင်ပိုကောင်းမယ် :)
ဟော့ဒီမှာ ကဗျာပေါ့ (ပဲပြုတ်တော့ဟုတ်ဖူး)
နောက်တာ ကိုစိုင်းရေ ကိုယ့်ကဗျာလေးတွေ
သူ့ကဗျာ ဖြစ်သွားတာတော့ မကောင်းဘူးပေါ့ဗျာ ခံစားမိပါတယ် ကောင်းသောနေ့ဗျာ :)
ကိုစိုင်းကဝေဒနာတွေ ခင်းကျင်းနေတာကိုး။
ဒီလို ပွားတုတွေများနေတဲ့ အခြေအနေမှာ ကိုစိုင်းခြေရာကို သဘောကျလို့နေမှာပေါ့။
ကိုယ်ပိုင်ဟန်ခေတ်စားပြီး ကလုံးတွေ ဝေးပါစေဗျာ။
ကိုစိုင်း ဒီလောက်ရက်ရောနေမှတော့ ခိုးတယ်ဗျာ။ ဟိဟိ
ပျော်ရွှင်ပါစေ။
Post a Comment