ဒိုင်ယာရီ
>> Sunday, October 25, 2009
ဘယ်တော့မှ မရပ်တဲ့ ရထားတစ်စင်းပေါ်မှာ
ငါတို့အားလုံး စီးနင်းလိုက်ပါခဲ့ကြသလိုမျိုး
ကြွင်းကျန်ရစ်ခဲ့တဲ့ ဘူတာတွေ
မကျေနပ်စရာအကြောင်းမရှိပါဘူး
ငါ့ကို ထိုးနေခဲ့ကြတဲ့ လက်ညိုးတွေအတွက်
ဒုက္ခမှာ မပျော်ပိုက်ရင် ဘ၀ဟာ ခြောက်ကပ်နေမှာပေါ့
ဒိုင်ယာရီတွေ မကောင်းဆိုးဝါးပူးကပ်လို့
တကယ့်တော့ အမေရယ်
ကျွန်တော် ခဏခဏ
စိတ်ကူးယဉ်ကြည့်ဖူးတဲ့ ကောင်းကင်ကြီးကိုယ်တိုင်ကိုက
ကျွန်တော့်အပေါ်မှာ
(မညာမတာ) မှောင်မိုက်ခဲ့ဖူးတာပါဗျာ။
4 comments:
ဒုက္ခမှာ မပျော်ပိုက်ရင် ဘ၀ဟာ ခြောက်ကပ်နေမှာပေါ့...
မှန်လိုက်လေ...
ဒီလို ကဗျာလေးတွေ ဖတ်ချင်နေတာ။
ဒီ ...ဒိုင်ယာရီကို သဘောကျမိပြန်ပြီ
ကောင်းကင်ကြီးမှောင်မိုက်လာခဲ့တဲ့အကြောင်းနဲ့
အရောင်စုံရရစားစားလက်ညှိုးတွေအကြောင်း
ကျပျောက်ခဲ့ဖူးတဲ့ဘူတာစဉ်တွေအကြောင်းနဲ့
မကြာခဏပျိုးပျိုးပြက်ပြက်လက်လာတတ်ပြီး
ပြန်ပြန်ပျောက်သွားတတ်တဲ့ စိတ်ကူးအိပ်မက်တွေအကြောင်း ...
............
အဖြူရောင်စာမျက်နှာတွေပေါ်
ရောင်စုံခံစားချက်တွေမတရားသဖြင့်ရေးထိုးနေမိ...
တကယ်တော့ ဒိုင်ယာရီ ဆိုတာ ..
ကိုယ်တိုင်ပြန်မကြည့်ရဲ့တဲ့ တစ္ဆေတစ်ကောင်ရဲ့
ရယ်မောသံတွေကို ကိုယ်တိုင်အသံသွင်း မှတ်တမ်းတင်ထားမိတဲ့နေရာတစ်ခုသက်သက်မျှသာ..
ကောင်းကင်ကြီးကိုယ်တိုင်ကိုက (မညှာမတာ) မှောင်မိုက် ခဲ့ဖူး သတဲ့လားဗျာ။
အင်း... စဉ်းစားသွားတယ်ဗျာ။
Post a Comment