ရပ်ကြည့်နေရင်း ချော်လဲ
>> Wednesday, September 2, 2009
အိမ်မက်တွေ တောင်လိုရာလိုပုံ
ယုံကြည်ခြင်းတွေ မခမ်းနားတော့ဘူး
ဖြစ်ပျက်သမျှရပ်ငေးနေဖို့ ငါကိုက တတ်နိုင်လွန်းတယ်
ဆင်ခြင်တုံတရားလည်း ချွန်းမအုပ်နိုင်ဘူး
စဉ်းစားဥာဏ်မရှိဘူးလားဆိုတော့လည်း မဟုတ်ဘူး
ဒီနေရာမှာပဲ ရပ်တန်းက ရပ်ရင်ကောင်းမယ်နော်
လုပ်စရာရှိတာ ဆက်လုပ်ဖို့
နာရီတွေ ခပ်မြန်မြန်လည်
ထုံအမှုနဲ့ စီးဆင်း
ခပ်မြန်မြန် ... ခပ်မြန်မြန်
အလွန်လျှင်မြန်စွာ
အခုမှ စနစ်တကျ ချော်လဲတယ်ဆိုတာ
8 comments:
ရပ်ကြည့်နေရင်းက ချော်လဲ
အင်းးး
သဘောကျမိပေါ့ ကိုစိုင်းရေ :)
တကယ် စနစ်တကျ ချော်လဲနေတော့တာပါပဲ ကိုစိုင်းရာ ။
ခုမှပဲ စနစ်တကျချော်လဲကြတော့တယ် ရပ်ကြည့်ရင်း....
စနစ်တကျ ချော်လဲတယ် ဆိုတော့ နာကျင်တာ သတိလေးနဲ့ ဖြည်းဖြည်းချင်း ခံစားလို့ရတာပေါ့..။
စနစ်တကျ ချော်လဲခဲ့တယ်လားး .
ကောင်းပါ့ဗျာ ကဗျာလေးက
ကြိုက်တယ် ဒီကဗျာလည်း ..
အင်းးးးးးးး စနစ်တကျ ချော်လဲကြကုန်ပြီ။
ကိုစိုင်းရေ
တော်တော်လေးကောင်းပါတယ်
Post a Comment