အသည်းကွဲညရဲ့ အထီးကျန်လမ်းမတွေ
>> Thursday, September 10, 2009
ညက နာကျင်ခြင်းနဲ့ပေါင်းဖက်
ကျွန်တော့်ရဲ့ မရှိခြင်းတွေ အလင်းဆုံးအချိန်လေ
ဒုက္ခတွေ လတ်လတ်ဆတ်ဆတ်ကို လှပါရဲ့
လောကဓံရေ- ခင်ဗျားက အငြိမ်မနေတဲ့ ဆူးပဲ -
ကျွန်တော့် နှလုံးသားထဲမှာ- နက်နက်ရှိုင်းရှိုင်း
ဒီလိုဆိုတော့ အနာဂတ်လည်း အဓိပ္ပာယ် မရှိဘူး
ရှိစုမဲ့စု အိပ်မက်အကျိုးအကြေလေးတွေလည်း အဓိပ္ပာယ်မရှိဘူး
မီးကျိုးမောင်းပျက်နာရီတွေသာ ကြီးထွား
သေရာပါဒဏ်ရာနဲ့ ညတွေ ချည်းပဲ
ထားတော့
အမေ့လျော့ခံ လမ်းမတွေအတွက် ဖြေဆည်ရာ မျက်ရည်မရှိ
အချန်လှပ်ခံမျှော်လင့်ချက်တွေထဲလည်း တစ္ဆေမကြောက်ကျားမကြောက်ပါပဲ
လမ်းတူတယ်ဆိုကြပေမယ့်လည်း ကျွန်တော်တစ်ယောက်တည်း
အမှောင်ထဲ
အထီးကျန်
ခြေရာတွေ မထင်ကျန်စေချင်တော့ဘူး။
8 comments:
ခြေရာလေးတွေ ပြန်ပြန်ကြည့်
အသည်းကွဲဖူးတယ်ဆိုတာ
ပြန်ပြန်မှတ်မိနေတော့မှာ ထင်ရဲ့ ......
ခြေရာတွေ မကျန်ခဲ့စေချင်တော့ ဘူး ...။။။
ကောင်းသောနေ့ ကိုစိုင်းရေ :)
နှစ်သက်သဘောကျမိတယ် ကိုစိုင်းလောဝ်ရေ
ကဗျာလေး လှလိုက်တာ။
အမေ့လျော့ခံလမ်းမတွေအတွက်
ဖြေဆည်စရာမျက်ရည်မရှိ........
.............................
အမေ့လျော့ခံလမ်းမတွေ
အမေ့လျော့ခံလမ်းမတွေ
.......................
အမှောင်ထဲက ခြေရာတွေ လာကောက်ယူသွားပြီ။
အမှောင်ထဲက အထီးကျန်ခြေရာလေးတွေ အလင်းရလို့ ပပျောက်နိုင်ပါစေ။ ပျော်ရွှင်ငြိမ်းချမ်းမှု ဆီသို့ပေါ့။
အရမ်းမိုက်တယ်ဗျာ ကြိုက်တယ်
ဆက်ရေးပေးပါဗျာ
မိုးဇက်
ကြိုက်တယ်ဗျာ ဆက်ရေးပါဦး အားပေးနေပါတယ် ကျွန်တော်ကိုဆက်သွယ်မယ်ဆိုရင် moezet.light@gmail.com မှာဆက်သွယ်နိုင်ပါတယ်
ကျွန်တော် ဘလော့ကာသမားပါ
Post a Comment