Pages

ဒီဇင်ဘာနှုတ်ဆက်သီချင်း

>> Monday, December 31, 2007

ဒီဇင်ဘာက နှုတ်ဆက်သီချင်း သီဆိုနေပြီ
ဘယ်သူတွေက ၀မ်းနည်းမျက်ရည်ကျနေကြသလဲ
ရှေ့ဆက်လျှောက်မယ့်လမ်းမှာ
နောက်ဘက်ချည်းလှည့်ကြည့်နေရင် မင်းခလုတ်တိုက်မိမှာပေါ့
ထားခဲ့လိုက်
၂၀၀၇ ဒီဇင်ဘာကို ညနက်နက်ထဲ ချန်ထားရစ်ခဲ့လိုက်
အခုတော့ နောက်ဆုံးတစ်ချက် နှုတ်ဆက်လှည့်ကြည့်မယ်

၂၀၀၇ ပေါ့
လူတိုင်းကိုယ်စီကိုယ်ငှ
နာကျင်မှုအလွန် ထုံကျင်မှုမှာ အဆိပ်တက်ခဲ့ကြပြီးပြီ
အမေ့ပစ်ခံနေရာတွေမှာ ပိုမိုသတိရခဲ့ကြပြီးပြီ
အခု
ရင်ဘတ်ကို ငုံကြည့်လိုက်ရင် သွေးစက်လက် ၀ိဥာဉ်တွေ ပူးကပ်လို့

ဒီလိုပါပဲ
လွန်လေခဲ့ပြီးသော အမည်းရောင်နှစ်ပေါင်းများစွာကလိုပါပဲ
၂၀၀၇ ဟာလည်း ဒါဘ၀လားဆိုပြီး သွေးတိုးစမ်း
ဖိတ်စင်မှုမှာ မိသားစုမျက်ရည်တွေ ယိုစီးလို့
ဖြည်မဆည်နိုင်ခဲ့ပါဘူး

သွားတော့ ဒီဇင်ဘာ သွားတော့
နာကျဉ်းမှုကို သွေးကြောထဲထည့် ငါတို့ကတော့ ဆက်လက်လည်ပတ်ရဦးမယ်
ကိုယ့်ဘ၀ကို ကိုယ် မောင်းနှင်ရဦးမယ်

နောက်ပြန်လှည့်မကြည့်ကြေးမှာ
ဒီဇင်ဘာအတွက် နှုတ်ဆက်ဆုတောင်းတယ်
ကမ္ဘာလောကကြီး ငြိမ်းချမ်းပါစေလို့ …။

s-spot

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP