Pages

သူမ အကြောင်း (၃)

>> Sunday, October 28, 2007

သူမရေ
ရှေးဟောင်းကျမ်းစာတွေအရဆိုရင်
မင်းက ငါ့ရဲ့ နံရိုးတစ်ချောင်းဖြစ်ခဲ့မယ်
ငါ့ရဲ့ အထီးကျန်မှုကို
ဖြေဖျောက်ပေးစေနိုင်သူပေါ့။ ။
ဖောက်ပြန်ခြင်းဆိုတာကလဲ
အဘိဓ္ဓမ္မာထဲ မှာ အတိအကျ
ပါပြီးသား စကားလုံး တစ်ခုဘဲလေ
ငါမလိုအပ်တော့တဲ့ အခါ............
မင်းဆီက ဘာမှ ပြန်မတောင်းဆိုပါဘူး
မင်းသာ အလိုရှိခဲ့မယ်ဆိုရင်
ငါ့ အရိပ်ကိုတောင် အပိုင်သိမ်းထားနိုင်တယ်
အချစ်ကလွဲရင် ဘာမှ မမျှော်လင့်တတ်တာ
ငါ့ သစ္စာတရားပေါ့ ။ ။

လက်ရုံး

Read more...

သူမ အကြောင်း (၂)

သူမရေ
တခါတလေ တော့လည်း
ငယ်ငယ်က ကလေးဘ၀ကို ပြန်တမ်းတမိတယ်
လွတ်လပ်ခြင်း အလံကို ကိုင်ဆွဲ ခဲ့ချိန်ကိုပေါ့
အဖေ နဲ့ အမေ က လွဲရင်
သံယောဇဉ် ကြီးကြီးမားမား
တွယ်တာ စရာမှ မရှိခဲ့တာ
ပြီးတော့
နှလုံးသား ယဉ်ကျေးမှုကလဲ
မဖွံ့ဖြိုးခဲ့သေးဘူးလေ။ ။

လက်ရုံး

Read more...

သူမ အကြောင်း (၁)

သူမ ရေ
စကားလုံးတစ်ချို့ ရှာဖွေလို့ မရတော့လို့ပါ
ကျွန်တော့် အချစ်တွေ အကြောင်းကို
တခမ်းတနား စာမဖွဲ့ နိုင်ခဲ့ဘူး
ကမ္ဘာသုံးစကားလုံးတစ်ခုလိုပေါ့
သူမ ကို ကျွန်တော် ချစ်တယ်။ ။
အိပ်စက်ချိန်က လွဲရင်ထာဝရ
သတိရနေခွင့်ပေးပါ။ ။
အိပ်မက်တွေက ထုပ်ပိုး သိမ်းဆည်းမှု မခံနိုင်လို့ပါ။ ။

လက်ရုံး

Read more...

မိုး

>> Monday, October 22, 2007

အရှေ့ ကောင်းကင်မှာ တိမ်မည်းတစ်ချို့
ငါ့ ဆီကို တအိအိနဲ့ နိမ့်ဆင်းလာနေဘီ..
တစ်ချက်တစ်ချက် ထတောက်တတ်တဲ့
အလင်းတစ်ချို့ ကလွဲရင်
သူတို့ရဲ့ ရင်ခုန်သံတွေကလဲ
ပြင်းထန်လွန်းတယ်။ ။ တဒိုင်းဒိုင်းနဲ့
ထားပါလေ
လေထုရဲ့ ညှင်သာမှု မျိုးနဲ့ဘဲ ဖြစ်ဖြစ်
မိုးရေ.......
ငါ့ ကိုယ်ပေါ်ကိုကြဲချပေးပါ..
အကြောင်းပြချက်မရှိ
ငါလက်ခံခဲ့မှာပါ.
ပြီးတော့.......
သူမနဲ့ ပက်သက်သမျှ စိတ်ခံစားမှုတွေကိုလည်း
ငါ့င်္ဆီကနေ စုပ်ယူသွားကြပါကွာ။ ။
ပုံသေပြောင်းလဲနေကျ ရာသီစက်ဝန်းလိုဘဲ....
မိုးသည်းထဲမှာ ချစ်ခဲ့တဲ့ သူမကိုလဲ
မိုးစက်တွေကဘဲ ပြန်ခေါ်သွားခဲ့တာပေါ့
ဒဏ်ရာဆိုလို့ အလွမ်းကလွဲရင်
ဘာမှ ထားမသွားခဲ့ဘူးလေ....
နေတတ်မယ်ဆိုရင်တော့
နှင်းစက်တွေအောက်မှာလဲ ငါငိုကြွေးနိုင်ပါတယ်
တကယ်တော့.သူမသိဖို့က
မိုးခါးရေသောက်ပြီး....မေ့လို့ရမယ်ဆိုရင်
ငါ ကို အီကွေတာ ရပ်ဝန်းမှာဘဲဖြစ်ဖြစ်
နေခွင့်ပြုပါတော့။ ။

လက်ရုံး

Read more...

အပျိုး

>> Sunday, October 14, 2007

မင်းအတွက်
ငါ့ရဲ့ နောက်ဆုံးဆိုတာ
တကယ်တော့ အစပါပဲ

ငါဟာ
မင်းသီဆိုမယ့် သီချင်းရဲ့ သံစဉ်ပါ
မင်းအသစ်မက်မယ့် အိပ်မက်ရဲ့ အမှန်တရားပါ
မင်း တွေးခေါ်မယ့် အတွေးအခေါ်ရဲ့ နံရံတွေပါ
မင်းအလိုရှိမယ်ဆိုရင်
ငါက တစ်ရှုးတစ်စလည်း ဖြစ်ရဲ့
မင်းပါးပြင်ပေါ်မှာ စွတ်စိုနေတဲ့ ချွေးစက်လေးတွေကို
ခြောက်သွေ့အောင် ဖယ်ရှားပေးဖို့လေ
ပြီးရင်
ငါ့ဘ၀ကို လုံးခြေပြီး မင်းပစ်ခဲ့ချင် ပစ်ခဲ့ပေါ့ကွာ

ပြောရမယ်ဆိုရင်
မင်းဖိနပ်လေးရဲ့ ယုံကြည်မှုဟာလည်း ငါဖြစ်လေရဲ့

မင်းရဲ့ အလှအပတွေမှာ ယဉ်ပါးဖို့
ငါ့ကို လက်သပ်မွေးမြူပါလေ

နောက်ဆုံးမှာ
ငါ့ကို မထားခဲ့ပါနဲ့
ငါက အခုမှ အစပဲ ရှိသေးတာ

s-spot

Read more...

၉။ သက်ရောက်မှု

အရာရာတိုင်းမှာ
သက်ရောက်မှုဆိုတာ
င့ါအတွက်တော့မှားနေလိမ့်မယ်.
အားလုံးနဲ့ငါနဲ့က
ခြားနားလွန်းနေတယ်..
ငါ့ဖက်ကမှန်ဆိုပေမဲ့လည်း
မင်းတို့ဘက်ကတော့
ပြဒါးသုတ်ထားတဲ့အတွက်
ငါအရှုံးပေးလိုက်ပါ့မယ် (အားလုံးကို)
တစ်ခါတစ်လေ..
ငါစဉ်းစားမိတယ်...
သက်ရောက်မှုတိုင်းရဲ့
တန်ပြန်သက်ရောက်မှုဆိုတာ ကိုလေ.............

ကြေကွဲကာရန်

Read more...

၈။ မဖွင့်လိုက်ရတဲ့ တံခါးနှစ်ချပ်အကြောင်း (သို့) သူနဲ့ကျွန်တော်

ကောင်မလေးတစ်ယောက်ရဲ့
အသည်းနှလုံးဆိုတဲ့
တံခါးလေးကို
ကျွန်တော်
ဖွင့်ဖို့လည်းမရဲ..
တိတ်တခိုးနဲ့တော့
အကြိမ်ကြိမ် ခိုးခိုးဖွင့်ခဲ့ဖူးတယ်..

ဒီတံခါးကို
တစ်ပါးသူတစ်ယောက်
ပိုင်ဆိုင်လို့...
တစ်ဦးတည်းမူပိုင်သတ်မှတ်
တစ်ဘ၀စာ သော့ခတ်လိုက်တော့မှ
ငါနောင်တရလည်း မထူးတော့ပါဘူး...

မင်းမသိတဲ့
မင်းကိုသိပ်ချစ်ရတဲ့သူတစ်ယောက်အဖြစ်နဲ့ပဲ
အချစ်တွေကို
င့ါရင်ထဲမှာ ထာဝရသိမ်းဆည်း
ကျွန်တော့်ရဲ့တံခါးကိုလည်း
တစ်သက်လုံးသော့ခတ်ထားလိုက်ပါရစေ...

ကျွန်တော်ချစ်ရတဲ့မင်းနဲ့
ကျွန်တော်ချစ်ရတဲ့သူငယ်ချင်းအတွက်...

ကြေကွဲကာရန်

Read more...

၆။ ''တမ်းတနေတုန်း''

မျှော်လင့်ချက်တွေနဲ့
ငါ အဆီအငေါ်မတည့်မှန်း
မင်းသိရဲ့သားနဲ့
တမင် လုပ်ရက်လေတာလား..
မနက်တိုင်း ကော်ဖီရနံ့မရရင်
နေသားမကျလှတဲ့ငါ..
မင်းရဲ့ါသသိာသမညငညါ ညီမလေးရေ
ဆိုတဲ့ာငေူ ကို တစ်နေ့မတွေ့ရရင်လည်း
နေသားမကျလှဘူး ...
အမှတ်တရဆိုတာ
နောင်တချိန်အတွက်
အနာတရဆိုတာကို
ငါသိသိလျက်နဲ့
ထွေးပိုက်မိတာက
မင်းငါ့ကိုဒီလိုလုပ်ရက်မယ် မထင်လို့ပါ..
ငါ
ဘာတွေများ အမှားလုပ်မိပြန်ပြီလဲ..
ငါ
မညာတတ်ခဲ့တာတော့ အမှန်ပါ..
မင်းခိုက်စိုးစန်ရဲ့
တစ်ကိုယ်တော်ကို
ကြိုက်တဲ့ကောင်မလေးကတော့
အမြဲအထီးကျန်ဆန်လျက်..
တစ်ချိန်က ချစ်ခြင်းကို
ဖျားနာမှုလို့သမုတ်တာမဟုတ်ဘူး..
ချစ်ခြင်းက ငါ့အတွက်
နာတာရှည်ရောဂါဖြစ်နေတာ ..
၁၅၀၀ နဲ့အဆင်မပြေလို့
၅၂၈ နဲ့လည်းကီးမကိုက်တဲ့
ငါ့အဖြစ် ....
အတိတ်က အရာအားလုံးကို
မေ့ပျောက် အစကစလို့
သံယောဇဉ်ဆိုတာကို ကန်ထုတ်
ဥပက္ခာကိုပဲ အဖော်ပြုတော့မယ်..

ကြေကွဲကာရန်

Read more...

၅။ ''အရင်လို''

အရင်လို
ငါငိုတဲ့မျက်ရည်တွေ
မမြင်အောင်ဖုံးကွယ်ပေးမဲ့
မင်းပခုံးလေး
ခုတော့ င့ါအဝေးမှာပေါ့...

အရင်လို
ငါ့အတွက်
အမြဲအသင့်ဖြစ်နေတဲ့မင်း
ခုတော့အဝေးမှာလေ..

အရင်လို
အထီးအမြဲကျန်
အားငယ်တတ်တဲ့ငါ
ရှားရှားပါးပါး
အားပေးမယ့်
မင်း ခုတော့ အဝေးမှာလေ..

ခေါ်မကြား အော်မကြား
ရင်ခုန်သံတွေကို
ငါလှည့်မကြည့်ချင်တော့လောက်အောင်
စိတ်ပျက်အားငယ်မိပါပြီ...

သံယောဇဉ်ဆိုတာ
ငါ့အတွက် ထပ်တိုးလာမဲ့
ဒဏ်ရာတွေအတွက်
အုတ်မြစ်တွေဆိုတာကို
ငါ
နားလည်ခဲ့ပြီ

အခုတော့
အချစ်မဲ့တဲ့
ညှာတာခြင်းကင်းတဲ့
လူတစ်ယောက်ဖြစ်အောင်
ကြိုးစားရှင်သန်ကြည့်ချင်တယ်..

guest

Read more...

၎။ ''ဇူလိုင်မိုးပြေး''

ဒီလိုနေ့ရက်
ဇူလိုင်မိုးတွေရွာတဲ့နေ့
အောင်ဝေးရဲ့ကဗျာတွေနဲ့
ငါ့ဘ0xJ pတင်ဝင်လာခဲ့တဲ့မင်း

မှတ်မှတ်ရရ
မင်းလူ့ဘ0xJpaရာက်ခဲ့တဲ့..နေ့ဟာလည်း
တိုက်တိုက်ဆိုင်ဆိုင်
ဇူလိုင်လရဲ့ နောက်ဆုံးနေ့ပေါ့

ကဗျာတွေ
အပြန်အလှန်ပို့ရင်း..
ငါ့စိတ်ကို အနားလည်ဆုံးကမင်းလို့
ထင်ထားခဲ့မိတာ..
မဟာအမှားကြီးကို
မသိမသာကျူးလွန်နေမိတဲ့
ငါပါလား..

တစ်ချိန်ကချစ်ခြင်းကို
ဖျားနာမှုလို့ခံယူထားတဲ့
ငါ့ကိုမှ
နာတာရှည်စွဲကပ်အောင်
မင်းလုပ်ရက်လိမ့်မယ်လို့
အိမ်မက်ထဲမှာတောင်
အိမ်မက်မမက်ရဲတဲ့
ငါပါလား..

ခုတော့
တစ်ဖန်ပြန်လည်လာထဲ့
သံသရာမှာ
ဇူလိုင်တစ်ခေါက်
ပြန်ရောက်ခဲ့ပြီလေ...
မဆိုင်တော့တဲ့
သူစိမ်းလိုလူအတွက်
''မွေးနေ့မှာ ပျော်ရွင်ပါစေ'' လို့
ပြောချင်ပေမဲ့
ပြောခွင့်တောင်မရတော့တဲ့
ငါပါလား...

သူစိမ်းတွေထက်
စိမ်းကားလှတဲ့ ဆက်ဆံမှုတွေနဲ့
ဘ၀ ၀င်္ကဘာရဲ့နောက်တစ်ကွေ့မှာ
ထပ်ဆုံခဲ့ရင်
မင်းကို အကောင်းဆုံးပြုံးပြနိုင်ဖို့
ငါကြိုတင်ပြင်ဆင်ထားမှာပါ..

သြော်..
ဇူလိုင်မိုးဆိုတာ..
ငါ့ဘ၀အတွက် ခဏတာ
မိုးပြေးလေးပေါ့..

guest

Read more...

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP