သူမ အကြောင်း (၁)
>> Sunday, October 28, 2007
သူမ ရေ 
စကားလုံးတစ်ချို့  ရှာဖွေလို့ မရတော့လို့ပါ
ကျွန်တော့် အချစ်တွေ အကြောင်းကို
တခမ်းတနား စာမဖွဲ့ နိုင်ခဲ့ဘူး
ကမ္ဘာသုံးစကားလုံးတစ်ခုလိုပေါ့
သူမ ကို ကျွန်တော် ချစ်တယ်။     ။
အိပ်စက်ချိန်က လွဲရင်ထာဝရ
သတိရနေခွင့်ပေးပါ။   ။
အိပ်မက်တွေက ထုပ်ပိုး သိမ်းဆည်းမှု မခံနိုင်လို့ပါ။   ။
 

 
0 comments:
Post a Comment