Pages

သူမ အကြောင်း (၃)

>> Sunday, October 28, 2007

သူမရေ
ရှေးဟောင်းကျမ်းစာတွေအရဆိုရင်
မင်းက ငါ့ရဲ့ နံရိုးတစ်ချောင်းဖြစ်ခဲ့မယ်
ငါ့ရဲ့ အထီးကျန်မှုကို
ဖြေဖျောက်ပေးစေနိုင်သူပေါ့။ ။
ဖောက်ပြန်ခြင်းဆိုတာကလဲ
အဘိဓ္ဓမ္မာထဲ မှာ အတိအကျ
ပါပြီးသား စကားလုံး တစ်ခုဘဲလေ
ငါမလိုအပ်တော့တဲ့ အခါ............
မင်းဆီက ဘာမှ ပြန်မတောင်းဆိုပါဘူး
မင်းသာ အလိုရှိခဲ့မယ်ဆိုရင်
ငါ့ အရိပ်ကိုတောင် အပိုင်သိမ်းထားနိုင်တယ်
အချစ်ကလွဲရင် ဘာမှ မမျှော်လင့်တတ်တာ
ငါ့ သစ္စာတရားပေါ့ ။ ။

လက်ရုံး

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP