Pages

သူမအကြောင်း (၄)

>> Monday, November 5, 2007

သူမရေ
နက္ခတ်တွေ နေရာရွှေ့ကြရင်း
ငါတို့ နီးစပ်ခဲ့တာပေါ့
အဲ့ဒီအတွက်
မမြင်ရတဲ့ ကံကြမ္မာ ကို ငါကျေးဇူးတင်ပါတယ
သူမရေ
ပြင်းပြင်းပြပြ သတိရ တတ်တဲ့ညနေခင်းတွေဆိုရင်
ကြယ် ခြေရာတွေကို ငါလိုက်ရှာနေမိတယ်
မဖြစ်နိုင်ဘူးဆိုပေမဲ့လည်း.... လက်တွေမှာ
ငါတို့က ကိန်းဂဏာန်း ၃ လုံးလောက် ဝေးကွာ ပြီးသားလေ။ ။
ငါတို့ သံယောဇဉ်တွေက
တယ်လီဖုန်းလိုင်းထဲ မှာ ဘဲ ရှင်သန်တာဆိုပေမယ့်
ဆက်သွယ်မှု ပြင်ပမှာလဲ
သူမ က ငါ့ ရင်ဘက်ထဲမှာ အမြဲ ရှိနေပါတယ်
ဖန်တီးပေးတဲ့ ပညာရှင်ကို
ငါအမြဲ ထောက်ခံနေမှာပါ။ ။

လက်ရုံး

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP