Pages

ဘ၀ကိုပြန်ကြည့်ခြင်း

>> Wednesday, November 28, 2007

ပုံမှန်အတိုင်းပါဘဲ အရှေ့အရပ်က နေထွက်နေတုန်းဘဲ
လေထုကတော့ ဒီမနက်အထိ
ဈေးတက်မယ်လို့ မကြားမိသေးဘူး
အရင်လိုဘဲတဲ့..............
ညတုန်းက သီတင်းထဲမှာတော့
နေရာကွက်ကြားမိုးရွာနိုင်တယ်
ခုထိ ခံယူလို့ မပြည့်နိုင်ကြသေးဘူးလား
မိုးလင်းတိုင်း ပစ္စုပ္ပန် အသေတွေနဲ့
ရက်ထားတဲ့ ၀တ်စုံကို ၀တ်နေရတာ
သေတဲ့အထိချွတ်လို့ရအုံးမှာလား........
ကြိုးရှည်တစ်ချောင်းနဲ့ပေးခဲ့တဲ့ မျှော်လင့်ချက်တွေ
အခု...အစကိုဘယ်မှာချည်မိမှန်းတောင်မသိတော့ဘူး
နေ့စဉ်စားသုံးနေကျ ကုန်ဈေးနှုန်းကလဲ
လေထုထက်တောင် မှပေါ့ပါးလာဘီ။ ။
ဘ၀မှာကျေနပ်စရာဆိုလို့
ကိုယ့်ပိုင်အိပ်မက် မက်နိုင်တာဘဲရှိတော့တယ်။ ။

လက်ရုံး

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP