Pages

လွမ်းတဲ့အကြောင်း(၆)

>> Monday, November 5, 2007

ငှက်သီချင်းနဲ့ နှင်းနဲ့
မနက်ခင်းပေါ့……
နေရောင်ခြည်ကို ပြာချ
ငါ့အလွမ်းနဲ့ လင်းစေခဲ့တယ် …

ကြင်နာသူရေ …
ချစ်မေတ္တာတွေ ဖူးပွင့်နေပုံက
ဒီဆောင်းကို ပိုပြီးတော့ လှပနေစေသလိုပဲ
ကြည့်ဦးလေ…

ငါနားလည်ဖို့ မကြိုးစားခဲ့တဲ့ အလွမ်း
မှော်ဆရာတစ်ယောက်ရဲ့ ပြုစားချက်တွေထက် ခမ်းနားဆန်းကြယ်
ငါ့ရင်ထဲမှာ အလင်းပိုးတစ်ကောင်လို နေထိုင်တယ်

ဒီမှာ
မရေရာ ဇဝေဇ၀ါလမ်းမတွေကို သုတ်သင်ရှင်းလင်း
ငါ့သွေးကြောထဲက လတ်ဆတ်တဲ့ ယုံကြည်မှုတွေနဲ့ ငါ ရင်ခုန်
ငါ့နေ့တွေ အလွမ်းနဲ့ လှပနေခဲ့တယ်

ချစ်သူ
မင်းယုံကြည်မယ်ဆိုရင်
ငါ့ရဲ့ လွမ်းတဲ့အကြောင်းတွေ ဂန္တ၀င်ပေါ့ …။

s-spot

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP