Pages

မိသားစု ကဗျာ

>> Thursday, November 15, 2007

တစ်ယောင်ကိုတစ်ယောက် ရိုသေကြရင်းနဲ့
ငါတို့ စကားဝိုင်းထဲမှာ
ခုဆိုရင် ငါးယောက်ထိရှိလာဘီ။ ။
ဘယ်က ရောက်လာမှန်းမသိတဲ့
ကျွန်တော့်ရဲ့ ဒုက္ခတွေကို
ခါးစည်းခံခဲ့တာ အမေ ပေါ့.....
အသိပညာတွေ အလေ့ကျမပေါက်ဖို့
စနစ်တကျ ညွန်ကြားခဲ့တာ အဖေ လေ......
တစ်ယောက်ထဲရှိတယ်လို့ ထင်ရပေမယ့်
သတ်မှတ်ချက်တွေအရတော့
ကျွန်တော်မှာ မောင်နှမ သုံးယောက်တိတိရှိခဲ့တယ်
မျက်ရည်နဲ့ ပူဆွေးခဲ့ရတဲ့ နေ့တွေရှိခဲ့လို့လဲ
ပျော်ရွင်ခြင်းမိုးတိမ်တွေကိုဖက်တွယ်ခွင့်ရခဲ့တာပေါ့
တစ်ယောက်သံယောဇဉ်ကို တစ်ယောက် ချည်နှောင်ကြ
ဘယ်လိုအသံမျိုးနဲ့မှတော့
ငါတို့ စကားဝိုင်း က သေဆုံးခဲ့မှာမဟုတ်ဘူး
အချိန်ကျလာရင်သာ
အလျှိုလျှိုခွဲထွက်သွားကြမှာပါ
တစ်ယောက်ကိုတစ်ယောက်
နှုတ်မဆက်ကြေးပေါ့။ ။

လက်ရုံး

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP