Pages

ကမ္ဘာမြေရဲ့ ကယ်တင်ခြင်း

>> Monday, November 5, 2007

အသက်ရှင်နေတယ်ဆိုရုံလေး ကမ္ဘာမြေ
သင့်ရဲ့ ကံဆိုးမိုးမှောင် ဝေဒနာ အံစာကို ပစ်ချလိုက်တော့
ငိုညည်းသံတွေ မီးတောက်ကြပေါ့

နတ်ဒေ၀ါအပါးပါးတို့ရဲ့ ကြင်နာသနားခြင်းမှ ကင်းလွတ်ရာ ဥယျာဉ်
အမှားမှားအယွင်းယွင်း သစ်သီးတွေ အဆိပ်သင့်ကြ
ကမ်းလင့်နေတဲ့ လက်အစုံတွေမှာ မွတ်သိပ်ခြင်းများစွာ .. များစွာ

ကမ္ဘာရေ…
မြင့်မြတ်လှတဲ့ ကယ်တင်ခြင်းတောင်ပံတွေ
သင့်ရဲ့ ပူလောင်မှု မြေပြင်ထဲ မြုပ်ထားလိုက်ဦးတော့

ငါတို့ ဆင်းစရာ အောက်မှာ ကျန်နေသေးတယ် မဟုတ်လားကွာ?

s-spot

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP