Pages

ခိုင်မြဲ ခြင်းတရားများ (၂)

>> Monday, November 5, 2007

အချိန်တွေက တအိအိနဲ့
ငါ့ကိုတိုက်စားသွားခဲ့လေရဲ့
ဇရာရဲ့ ရင့်ရော်မှုကလဲ
တဖြည်းဖြည်းနဲ့ နေ၀င်ချိန်နီးလာဘီ
ဘ၀မှာလဲ အချစ်ဆိုတဲ့ အရာကို ထည့်ပေါင်းရင်
တစ်သက်လုံးသိခဲ့ သမျှ အရာတွေက
သင်ပုန်းကြီးထဲက ကိန်းဂဏာန်းတွေတောင်
လိုက်မှီမှာ မဟုတ်ဘူး........
“ဂ’’ နဲ့ပက်သက်လာရင်
တန်ဖိုးကလွဲလို့ ဘယ်စာလုံးကိုမှ
ငါမနှစ်သက်ခဲ့လို့ပါ။ ။
သင်ပုန်းကြီးထဲမှာ “ဃ’’ နဲ့ ပက်သက်လာရင်
သူ့ အရပ်နဲ့ သူ့ဇာတ်လိုပေါ့
ပုံဆောင်ခဲ အမျိုးမျိုးလေ.......
ကျွန်တော်သိခဲ့သမျှထဲမှာတော့
သံဃာဆိုတဲ့ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တွေ
(၆) တန်းတုန်းက “ဃ’’ တန်းမှာ
သင်ခဲ့ဘူးတာတွေကလွဲရင်
နောက်ဆုံး.........သူမရဲ့ အိမ်နံပါတ်ကလဲ
“ဃ/...’’ ဆိုတာက အထိပေါ့.........

“င’’ ဆိုတဲ့ ငတိက တော့
ရှင်းပြလို့ဆုံးမှာမဟုတ်ဘူး
ဘ၀မှာ သက်တောင့်သက်သာဖြစ်ဖို့ဆိုရင်
ငါဆိုတဲ့ အတ္တကို ခုထဲက
မြေမြုပ်သဂြိုလ်လိုက်ပါ။ ။


လက်ရုံး

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP