Pages

သူမအကြောင်း (၈)

>> Saturday, November 17, 2007

သူမရေ
ပကာသနမပါတဲ့ ငါတို့ဆက်ဆံရေးကို
သူစိမ်းတွေက ခေါ်င်းစဉ်တစ်မျိုးတပ်ချင်ကြတယ်။ ။
တစ်ယောက်ယောက် အတွက်ငဲ့ညှာရမဲ့ စိတ်ထားမျိုးတွေ
မတရားဘူးလို့ထင်ရတဲ့ တကယ့်စစ်ပွဲတွေ
စကားလုံးတစ်ချို့နဲ့ ရှုတ်ချကြမယ့် ပတ်ဝန်းကျင်
ငါ ကတော့ နစ်မြုပ်ကျဆုံးဖို့ လမ်းမရှိဘူး
ငါ့ ခြေထောက်အောက်မှာ လမ်းမ တွေ ရှိနေသရွေ့တော့
သူမ ကို ဘယ်လို အကိုင်းအခတ်မျိုးမှ မရိုခတ်စေရဘူး။ ။
ငါတို့ရဲ့ ကစားကွင်းကို လွတ်လပ်စွာ
နာမည်ပေးပိုင်ခွင့် ငါတို့မှာရှိတယ်
မီးရှူးတွေရဲ့ လွတ်မြောက်မှုအောက်မှာတောင်
ချစ်ခြင်းတရားအကြောင်း
တစ်ယောက်ကိုတစ်ယောက်
တစ်ခွန်းမှ မပြောခဲ့ကြဘူး
တစ်ယောက်ကိုတစ်ယောက် လဲ နားလည်ပေးနိုင်ကြတယ်
တစ်ယောက်နဲ့တစ်ယောက် ချစ်ဖို့ကြတော့
ငါတို့နှုတ်ဆွံ့နေခဲ့ကြတယ်
သူမသာ ပျောရွှင်ရမယ်ဆိုရင်
ငါ့လက်ကျန်အချိန်တွေအကုန်လုံး
သူမနားမှာဘဲ အတုံးအရုံး ပုံချထားတော့မယ်
သူမရေ
တစ်ယောက်ဆီရင်ကွဲမှာထက်စာရင်
ပတ်ဝန်းကျင်ကို ငါတို့ စစ်ကြေငြာသင့်တာပေါ့။ ။

လက်ရုံး

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP