Pages

မြို့ပြည

>> Saturday, November 17, 2007

ညက သားရဲတွင်းဆန်စွာဘဲ
အပုပ်နဲ့တညှီညှီနဲ့
လတ်လတ်ဆတ်ဆတ် လောင်ကျွမ်းနေလေရဲ့

ပုံမှန်ထက် ပိုတောင်းလေ့ရှိသော အမြန်ယာဉ်များ
ခနော်နီ ခနော်နဲ့ လမ်းဘေးဈေးသည်များ
ဖုန်အလူးလူး နဲ့ သားငယ်
မိခင်ရင်ခွင်မှာ နှစ်ချိုက်စွာ အိပ်မောကျနေလေရဲ့
လေပြေထဲမှာလဲ နှုတ်ခမ်းနီနံ့က ထုံအီနေလေရဲ့
ညငှက်တစ်ချို့ ဟိုတစ်စုသည်တစ်စု
အိပ်တန်းပြန်ဖို့ အဖော်ရှာနေကြတုန်း
ရာသီဥတုကလဲ မနေ့ကအတိုင်းဘဲဆိုပေမယ့်
လမ်းမတွေကတော့ ပုံမှန်ထက်ကို
စုတ်ပြတ်သတ်သွားလေရဲ့။ ။

လက်ရုံး

မြို့ပြညရဲ့ အလှတွေ
ဆိတ်သုဉ်းကုန်တာအဓမ္မသဘောရဲ့
ဆန္ဒတွေများလား
chaos

2 comments:

Chaos November 18, 2007 at 9:28 AM  

မြို့ပြညရဲ့
ွှအလှတွေ
ဆိတ်သုဉ်းကုန်တာ
အဓမ္မသဘောရဲ့
ဆန္ဒတွေများလား

Kaung Kin Ko November 19, 2007 at 4:09 PM  

ညရဲ့ သဘောကို စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ခံစားလာမိတယ်ဗျာ။ အဲဒီ့ ညထဲ ကျွန်တော်ကိုယ်တိုင်ရောက်သွားသလို ခံစားရတယ်ဗျာ။

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP