Pages

၎။ ''ဇူလိုင်မိုးပြေး''

>> Sunday, October 14, 2007

ဒီလိုနေ့ရက်
ဇူလိုင်မိုးတွေရွာတဲ့နေ့
အောင်ဝေးရဲ့ကဗျာတွေနဲ့
ငါ့ဘ0xJ pတင်ဝင်လာခဲ့တဲ့မင်း

မှတ်မှတ်ရရ
မင်းလူ့ဘ0xJpaရာက်ခဲ့တဲ့..နေ့ဟာလည်း
တိုက်တိုက်ဆိုင်ဆိုင်
ဇူလိုင်လရဲ့ နောက်ဆုံးနေ့ပေါ့

ကဗျာတွေ
အပြန်အလှန်ပို့ရင်း..
ငါ့စိတ်ကို အနားလည်ဆုံးကမင်းလို့
ထင်ထားခဲ့မိတာ..
မဟာအမှားကြီးကို
မသိမသာကျူးလွန်နေမိတဲ့
ငါပါလား..

တစ်ချိန်ကချစ်ခြင်းကို
ဖျားနာမှုလို့ခံယူထားတဲ့
ငါ့ကိုမှ
နာတာရှည်စွဲကပ်အောင်
မင်းလုပ်ရက်လိမ့်မယ်လို့
အိမ်မက်ထဲမှာတောင်
အိမ်မက်မမက်ရဲတဲ့
ငါပါလား..

ခုတော့
တစ်ဖန်ပြန်လည်လာထဲ့
သံသရာမှာ
ဇူလိုင်တစ်ခေါက်
ပြန်ရောက်ခဲ့ပြီလေ...
မဆိုင်တော့တဲ့
သူစိမ်းလိုလူအတွက်
''မွေးနေ့မှာ ပျော်ရွင်ပါစေ'' လို့
ပြောချင်ပေမဲ့
ပြောခွင့်တောင်မရတော့တဲ့
ငါပါလား...

သူစိမ်းတွေထက်
စိမ်းကားလှတဲ့ ဆက်ဆံမှုတွေနဲ့
ဘ၀ ၀င်္ကဘာရဲ့နောက်တစ်ကွေ့မှာ
ထပ်ဆုံခဲ့ရင်
မင်းကို အကောင်းဆုံးပြုံးပြနိုင်ဖို့
ငါကြိုတင်ပြင်ဆင်ထားမှာပါ..

သြော်..
ဇူလိုင်မိုးဆိုတာ..
ငါ့ဘ၀အတွက် ခဏတာ
မိုးပြေးလေးပေါ့..

guest

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP