Pages

၆။ ''တမ်းတနေတုန်း''

>> Sunday, October 14, 2007

မျှော်လင့်ချက်တွေနဲ့
ငါ အဆီအငေါ်မတည့်မှန်း
မင်းသိရဲ့သားနဲ့
တမင် လုပ်ရက်လေတာလား..
မနက်တိုင်း ကော်ဖီရနံ့မရရင်
နေသားမကျလှတဲ့ငါ..
မင်းရဲ့ါသသိာသမညငညါ ညီမလေးရေ
ဆိုတဲ့ာငေူ ကို တစ်နေ့မတွေ့ရရင်လည်း
နေသားမကျလှဘူး ...
အမှတ်တရဆိုတာ
နောင်တချိန်အတွက်
အနာတရဆိုတာကို
ငါသိသိလျက်နဲ့
ထွေးပိုက်မိတာက
မင်းငါ့ကိုဒီလိုလုပ်ရက်မယ် မထင်လို့ပါ..
ငါ
ဘာတွေများ အမှားလုပ်မိပြန်ပြီလဲ..
ငါ
မညာတတ်ခဲ့တာတော့ အမှန်ပါ..
မင်းခိုက်စိုးစန်ရဲ့
တစ်ကိုယ်တော်ကို
ကြိုက်တဲ့ကောင်မလေးကတော့
အမြဲအထီးကျန်ဆန်လျက်..
တစ်ချိန်က ချစ်ခြင်းကို
ဖျားနာမှုလို့သမုတ်တာမဟုတ်ဘူး..
ချစ်ခြင်းက ငါ့အတွက်
နာတာရှည်ရောဂါဖြစ်နေတာ ..
၁၅၀၀ နဲ့အဆင်မပြေလို့
၅၂၈ နဲ့လည်းကီးမကိုက်တဲ့
ငါ့အဖြစ် ....
အတိတ်က အရာအားလုံးကို
မေ့ပျောက် အစကစလို့
သံယောဇဉ်ဆိုတာကို ကန်ထုတ်
ဥပက္ခာကိုပဲ အဖော်ပြုတော့မယ်..

ကြေကွဲကာရန်

1 comments:

Anonymous,  February 3, 2010 at 9:36 AM  

good တယ်နော်

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP