Pages

အပျိုး

>> Sunday, October 14, 2007

မင်းအတွက်
ငါ့ရဲ့ နောက်ဆုံးဆိုတာ
တကယ်တော့ အစပါပဲ

ငါဟာ
မင်းသီဆိုမယ့် သီချင်းရဲ့ သံစဉ်ပါ
မင်းအသစ်မက်မယ့် အိပ်မက်ရဲ့ အမှန်တရားပါ
မင်း တွေးခေါ်မယ့် အတွေးအခေါ်ရဲ့ နံရံတွေပါ
မင်းအလိုရှိမယ်ဆိုရင်
ငါက တစ်ရှုးတစ်စလည်း ဖြစ်ရဲ့
မင်းပါးပြင်ပေါ်မှာ စွတ်စိုနေတဲ့ ချွေးစက်လေးတွေကို
ခြောက်သွေ့အောင် ဖယ်ရှားပေးဖို့လေ
ပြီးရင်
ငါ့ဘ၀ကို လုံးခြေပြီး မင်းပစ်ခဲ့ချင် ပစ်ခဲ့ပေါ့ကွာ

ပြောရမယ်ဆိုရင်
မင်းဖိနပ်လေးရဲ့ ယုံကြည်မှုဟာလည်း ငါဖြစ်လေရဲ့

မင်းရဲ့ အလှအပတွေမှာ ယဉ်ပါးဖို့
ငါ့ကို လက်သပ်မွေးမြူပါလေ

နောက်ဆုံးမှာ
ငါ့ကို မထားခဲ့ပါနဲ့
ငါက အခုမှ အစပဲ ရှိသေးတာ

s-spot

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP