Pages

၅။ ''အရင်လို''

>> Sunday, October 14, 2007

အရင်လို
ငါငိုတဲ့မျက်ရည်တွေ
မမြင်အောင်ဖုံးကွယ်ပေးမဲ့
မင်းပခုံးလေး
ခုတော့ င့ါအဝေးမှာပေါ့...

အရင်လို
ငါ့အတွက်
အမြဲအသင့်ဖြစ်နေတဲ့မင်း
ခုတော့အဝေးမှာလေ..

အရင်လို
အထီးအမြဲကျန်
အားငယ်တတ်တဲ့ငါ
ရှားရှားပါးပါး
အားပေးမယ့်
မင်း ခုတော့ အဝေးမှာလေ..

ခေါ်မကြား အော်မကြား
ရင်ခုန်သံတွေကို
ငါလှည့်မကြည့်ချင်တော့လောက်အောင်
စိတ်ပျက်အားငယ်မိပါပြီ...

သံယောဇဉ်ဆိုတာ
ငါ့အတွက် ထပ်တိုးလာမဲ့
ဒဏ်ရာတွေအတွက်
အုတ်မြစ်တွေဆိုတာကို
ငါ
နားလည်ခဲ့ပြီ

အခုတော့
အချစ်မဲ့တဲ့
ညှာတာခြင်းကင်းတဲ့
လူတစ်ယောက်ဖြစ်အောင်
ကြိုးစားရှင်သန်ကြည့်ချင်တယ်..

guest

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP