Pages

လပြည့်ည

>> Sunday, January 6, 2008

တစ်ချပ်ချပ်လည်ပတ်နေတဲ့နာရီကို အဓိပ္ပာယ်မဲ့ထိုင်ကြည့်နေခဲ့ဖူးတယ်
အချိန်တွေက ငါ့ဆီရောက်မလာခဲ့ဘူး

လှုပ်လီလှုပ်လဲ့ ပြန့်ကျဲနေတဲ့ ကြယ်တွေကို မျှော်လင့်ချက်နဲ့ အပြုံးဖလှယ်ခဲ့ဖူးတယ်
ကြယ်ကြွေတွေတောင် ငါ့ဆီရောက်မလာခဲ့ဘူး

သွေးဆာနေတဲ့လမ်းမတွေကို အကြောက်တရားနဲ့ လဒ်ထိုးခဲ့ဖူးတယ်
ငါ့ခြေထောက်တွေ ငါ့ဆီရောက်မလာခဲ့ဘူး

အိပ်မက်မပါတဲ့ကဗျာတစ်ပုဒ်ထဲ ငါချောင်းကြည့်ခဲ့ဖူးတယ်
လတ်ဆတ်တဲ့ရင်ခုန်သံတွေ ငါ့ဆီရောက်မလာခဲ့ဘူး

ထောင်ချောက်ဆင်ထားတဲ့အမှန်တရားနဲ့ သွေးစက်လက်ကပြခဲ့ဖူးတယ်
လွတ်မြောက်ခြင်းတွေ ငါ့ဆီရောက်မလာခဲ့ဘူး

တစ်ယောက်တည်းထိုင်နေခြင်းသီချင်းတစ်ပုဒ်နဲ့ လပြည့်ညကို ဖြေဖျော်ခဲ့ရတယ်
ဆေးဘက်ဝင်ကော်ဖီတစ်ခွက် ငါ့ဆီရောက်မလာခဲ့ဘူး

ငါ့ဆီရောက်လာတဲ့လရောင်ကြောင့် ငါ့ခဲတံကျိုးသွားတယ်
ဆက်မရေးနိုင်တော့တဲ့ ငြိမ်းချမ်းခြင်းဆုတောင်းနဲ့
လရောင်ကို ငါကြိုဆိုလိုက်ရပေါ့
ဘ၀ဟာလည်း ဟိုတစ်စ ဒီတစ်စ …

s-spot

1 comments:

Kaung Kin Ko January 17, 2008 at 7:35 PM  

ကဗျာလေး ကောင်းလိုက်တာဗျာ။

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP