Pages

မြို့

>> Tuesday, March 25, 2008

ကျွန်တော် သိခဲ့တဲ့ မြို့တစ်ခုမှာ
လျှပ်စစ်နဲ့ သွာတဲ့ကားတွေမရှိခဲ့
ဆီ (ဂက်စ်) အစားထိုးထားတဲ့
ဘက်ကားအိုတွေ ခြေချင်းလိမ်တဲ့မြို့
တားမြစ်ချက်ဆိုင်းဘုဒ်တွေ
အရောင်လွင့်ပြီး ခြစားခံထားရတဲ့မြို့
တစ်ယောက်နဲ့ တစ်ယောက်လွယ်လွယ်ကူကူဆက်သွယ်နိုင်ပေမယ့်
သတင်းကောင်းဆိုရင်ဘယ်တော့မှ မရောက်တဲ့မြို့
ပြီးတော့...ဘယ်တော့မှ မှန်လေ့မရှိတဲ့
နေ့စဉ်ထုတ်စာမျက်နှာများ လွင့်နေတဲ့မြို့
အရင်ကဆိုရင် ခေါင်းလောင်းသံတွေနဲ့ ဆူညံနေတဲ့မြို့
ခုဆို အစာလုသံ။ မာန်ဖီသံတွေကြီးစိုးနေတဲ့မြို့
တန်ဖိုးကြီး၍တန်ဖိုးမရှိဖြစ်နေသော ငွေစက္ကူများ
လူလိမ်ချင်းပြန်လိမ်နေကြတဲ့ မြို့လယ်ခေါင်လမ်းမများ
ဘ၀ကိုမွေးရာပါနားလည်နေကြတဲ့ လမ်းမကြီးပေါ်မှ ကလေးငယ်များ
တစ်ယောက်စကားတစ်ယောက်နားယောင်တတ်လွန်းလို့
ခြေရာချင်းထပ်နေတဲ့ မြို့ခေါင်မိုးများ
အသံကြားတိုင်းအကြောင်လွန်နေတဲ့ ခပ်ကြောင်ကြောင်မြို့သားများ
လိုချင်ပြီးမတောင်းရဲ့ဖြစ်နေကြတဲ့ ဆန္ဒများ
နောက်ဆုံး.....
မြို့က မြို့ကို ပြန်မြိုမိလို့ နင်နေလေရဲ့..............

လက်ရုံး

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP