စိတ်အနာ
>> Saturday, September 15, 2007
ဆီမထည့်နိုင်တဲ့ တံခါးကြောင့်
ခြေထောက်တွေ တအိအိဝင်လာကြ
သူတို့မှုတ်ထားတဲ့ စကားလုံးတွေနဲ့ပဲ
ငါ့ကိုဖောင်းကနဲဖေါက်ကြ
အဲ့ဒီလိုနဲ့ပဲ
နတ်တွေကတောင် ကစားရမလို နားရမလို
သေချာတာကတော့
ငါက နွေတွေလိုဆောင်းမစားတတ်ဘူး
ဖြေဆေးကိုင်ပြီး ပွင့်ပေးမယ့် ပဒိုင်းပန်းလည်းမဟုတ်ဘူး
ဒါပေမယ့် ထားလိုက်ပါ့တယ်
မေ့ထားလိုက်ပါတယ်။ ။
0 comments:
Post a Comment