၂။ ဘာလို့
>> Saturday, September 15, 2007
ဘာလို့
မင်း ငါ့ရင်ခွင်တံခါးကိုမှ
လာခေါက်ခဲ့လဲ.......
အလိုက်သိသိနဲ့ ဖွင့်ပေးမိခဲ့တာ
အလိုက်မသိတဲ့ အဖြစ်တွေဖြစ်လာဖို့လား?
ဘာလို့
ကဗျာတွေရေးပေးခဲ့လဲ...
အမှတ်တရတွေများအောင်
တမင်ဖန်တီး
သတိရတိုင်း မင်းကဗျာဖတ်လို့
ငိုမိအောင်လား.......
အခုတော့ ကဗျာရေးရင်
ခေါင်းစဉ်ကို ဘယ်သူပေးမလဲ....(ငါ့အပြင်)
ဘာလို့
ဂရုစိုက်ခဲ့တာလဲ (ငါ့အကြောင်းကို)
မင်းမရှိတဲ့နောက် တသသလွမ်းဆွတ်ဖို့လား...
မာနဆိုတာကို စားသုံးမိတဲ့ငါ့မှာ
နောက်ဆုတ်စရာ လမ်းမမြင်ခဲ့ဘူး....
စိတ်ကောက်မိတာ အပြစ်လို့ထင်ရင်တော့
တစ်ဘ၀စာအတွက်
ငါ့ရဲ့ဝမ်းနည်းခြင်းကို စားသုံးလက်စ
မာနအကြွင်းအကျန်ကို
အိနြေ္ဒဆယ်လို့
ပြန်လာပါလို့ တစ်သက်မပြောဘူး....
ငြင်းနေဆဲ ဒီမျက်ရည်
ဝမ်းနည်းလို့ မဟုတ်ဘူး.....
0 comments:
Post a Comment