အလွမ်းတွေ ခတဲ့ မနက်ဖြန်များ
>> Thursday, September 6, 2007
ပြိုင်မြင်းတွေ
ဘယ်လောက်ဘဲ ခွာသံကြမ်းပါစေ
အာရုဏ်မှာတော့
အလင်းနဲ့အတူ သူမ ကို
သတိရနိုင်ပါစေ..........
ခရေတွေ.
မြေမှာကြွေနေတာ..
လမိုက်ည ကောင်းကင်မှာ ကြယ်တွေ
မျက်တောင်ခတ် နေသလိုဘဲ
လမင်းနဲ့တူတဲ့ သူမ..............
လူရိုင်းတွေနေတဲ့ တောမှာ
စံပယ်တွေ ဘယ်လောက်ပွင့်နေပါစေ
ရနံ့ ကတော့ တစ်သွေးထဲဘဲလေ
အခုချိန်ထိ လတ်ဆတ်နေတုန်းဘဲ
ဘယ်တော့မှ မမေ့ပါဘူး
ငါ့ ရင်ခွင်မှာ ငါကိုယ်တိုင် ကဗ္ဗည်းရေးထိုးခဲ့လို့..
ကျောခိုင်းသွားခဲ့သူကို မတားခဲ့မိရလားလို့တော့
`နောင်တ`ဆိုတာ ငယ်ငယ်က ရေးခဲ့ဖူးတဲ့
သင်ပုန်းကြီးထဲမှာတောင် မပါခဲ့ဘူး
ဘာပဲ ဖြစ်ဖြစ်ပါ
အလွမ်းတွေကြွေတဲ့ ဒီဇင်ဘာ မနက်ခင်းတွေမှာ
အိပ်မက်အသေတွေနဲ့ေ၀၀ါးနေလဲ
ငါ့ ဗုဒ္ဓဟူး နာမ်းစားလေးနဲ့ ပက်သက်ပြီး
ငါ အလိုရှိ သလောက် ကြေကွဲမယ်...
0 comments:
Post a Comment