>> Tuesday, September 4, 2007
ကမ္ဘာမြေရေ...
သင့်ရဲ့ မိုးရေတွေလည်း ခါးသက်ခဲ့ပြီ
ကျိန်စာသင့် ရွက်ဝါတွေလည်း ကြွေလွှင့်ခဲ့ပြီ
ငါတို့ရင်ထဲက မီးတောက်တွေလည်း အပူနဲ့ ထက်..မြ..ခဲ့..ပြီ..
ငါ့ဆီမှာ အရောင်တွေ စုံချင်မှ စုံမယ်
ငါ့ရဲ့ အသီးအပွင့်ဟာ
အာဟာရဖြစ်ချင်မှ ဖြစ်မယ်
(ဒါပေမယ့် သီးပွင့်ခွင့်တော့ ရှိတာပဲ)
ချစ်ခြင်းမေတ္တာသာမရှိရင်
ငါ့ဘ၀လည်း စုတ်ပြတ်သွားလောက်တယ်
နှစ်ဆယ့်သုံးနှစ်လုံးလုံး ငါဘာတွေ ရရှိပေးဆပ်ခဲ့ပါသလဲ
ချစ်ခြင်းမေတ္တာကလွဲရင်
ညီမျှခြင်းနောက်ဘက်မှာ သုညထက်ဘာမှ ပိုမရှိဘူး
0 comments:
Post a Comment