မျက်လုံး
>> Wednesday, August 22, 2007
မျက်လုံး
ဘ၀ကို
သက်တံတစ်ခုလို နေကြည့်တယ်
(အရောင်တွေစုံလို့ပေါ့) လှတော့လှပါရဲ့
ဒါပေမယ့်
ကွေးကွေးကြီးနေရတာ ကြာတော့ အဆင်မပြေဘူး
တစ်ခါတစ်လေတော့လည်း
ငါ့ယုံကြည်မှုကို ငါ
ဆရာဝန်တစ်ယောက်လို ခွဲစိတ်ပိုင်းဖြတ်ကြည့်တယ်
သံသယအစိုင်အခဲတွေ အပုံအပင်နဲ့။
လိုအပ်ရင်
ငါနဲ့ငါ ကွဲလွဲလိုက်ဖို့ အဆင်သင့်ဖြစ်အောင်…
ဒါကြောင့်
ငါ့ဆီမှာ အရောင်တွေ စုံချင်မှ စုံမယ်
ငါ့ရဲ့ အသီးအပွင့်ဟာ
အာဟာရဖြစ်ချင်မှ ဖြစ်မယ်
(ဒါပေမယ့် သီးပွင့်ခွင့်တော့ ရှိတာပဲ)
လက်မခံချင်နေပါ
လူသေကောင်ရဲ့ ဓား
ငါ မဖြစ်ဖို့ဘဲ အရေးကြီးတယ်။
2 comments:
haha.good par tal kwar..
haha.good par tal kwar..
Post a Comment