Pages

မြို့

>> Wednesday, August 29, 2007

မြို့က
အပုပ်နံ့နဲ့ လှပ
``လူပါးဝ´´လို့

ဘယ်မလဲ
ငါတို့ လိုချင်တဲ့ အမှန်တရားတွေ
လမ်းမတွေ ပေါက်ပြဲကုန်တဲ့အထိ ရှာမတွေ့ခဲ့
သီချင်းချိုတွေလည်း ခါးခဲ့

ဖိသိပ်ထည့်ထားတဲ့ ဒဏ်ရာတွေ အုံလိုက်ကျင်းလိုက်
ပိတ်ဆို့ထားတဲ့ တံခါးတွေ အထပ်လိုက် အချပ်လိုက်
အရေခွံအပုပ်နဲ့ ရောဂါသည်မြို့လေ
`လေ´အားလျှပ်စစ်နဲ့ မီးလင်းမယ့် မြို့လေ
ချွေး၊ သွေး၊ အသက်တွေ အကြွေးထူနေတဲ့ ကျုပ်တို့ မြို့လေ

မြို့ရဲ့ နယ်နှင်ဒဏ်ပေးခံရတဲ့ အမှန်တရား နဲ့ တရားမျှတမှု
ခေါင်းပါးတဲ့ ဘ၀တွေ တဖြုတ်ဖြုတ်ကြွေ
ကယ်တင်ရှင်နတ်ဘုရားတွေလည်း အောက်ခြေလှိုက်စားခဲ့

ကျုပ်တို့ကို ကယ်တင်ဖို့ ကျုပ်တို့ ကိုယ်တိုင်ပဲလိုတယ်
ကဲ … မြို့ရေ
နေနှင့်ဦးပေါ့ကွာ ။

s-spot

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP