Pages

ပေးဆပ်ခြင်းမဲ့

>> Wednesday, August 29, 2007

အိပ်မက်တွေကို ထုပ်ပိုးပြီး
သူမ ဆီကို ခရီးထွက်ခဲ့တယ်
တိုက်ဆိုင်တာဘဲ ဒီနေ့မှ
ငါ့ ဘူတာရုံအိုလေးထဲ
အလင်း တစ်ချို့ ဧည့်သည်လာလုပ် နေလေရဲ...့

တန်ဖိုးထား ပုံချင်းမှ မတူတာ
ညီမျှခြင်း ချကြည့်တော့လဲ
အချိန်ကုန်ရုံဘဲရှိမှာပေါ့..
သစ္စာရှိရှိ ကျဆုံးသွားတဲ့
အချိန်တွေ အတွက်
ငါဂုဏ်ယူနေမှာပါ..

ငါတို့နှစ်ယောက်ကြားမှာ
ကိန်းဂဏာန်းတွေနဲ့ နယ်ခြားခံထားရတယ်။
အလင်းက အသံထက်
မြန်သလိုပေါ့
ငါ သူမ ကိုသတိရ တဲ့စိတ်ကတော့..

သံယောဇဉ် ဆိုတာ
ချည်နှောင်တတ် မယ်ဆိုရင်
သူမ နဲ့ ငါ့ ကို
ဘယ်လိုအရောင်မျိုး နဲ့
နှောင်ဖွဲ့ထားမှာလဲ..
ပြီးတော့
အချစ်ဆိုတာ
ဖယောင်းလို ပုံသွင်းလို့ရမယ်ဆိုရင်
သူမ ရေ
ဘယ်လို ကျောက်ဆစ်ရုပ်တုမျိုး
ထုဆစ်ပေးရ မှာလဲ..

သီချင်းတွေက သတိရခြင်းကို
ယူဆောင်လာလိမ့်မယ်
သူမ အတွက်ဆိုရင်
ငါ့ နားရွက် တစ်ဘက် ဖြတ်ပေးရလဲ
ငါ ကျေနပ် ခဲ့မှာပါ..

လက်ရုံး

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP