Pages

ဝန်ခံရ ခက်ခဲသော နေ့ရက်များ

>> Thursday, August 30, 2007

တစ်ချိန်ကဆိုရင်
အတိတ်ကို အတိတ်မှာ ထားနိုင်တဲ့
စိတ်မျိုး ငါ့ မှာရှိခဲ့သေးတယ်..

အချစ် ဆိုတာ ပုံသေနည်းတွေ နဲ့
တည်ဆောက်ထားတဲ့ ပုစ္ဆာတစ်ပုဒ်လား
ဒီအတိုင်းသာဆိုရင်
ငါ့ ကဗျာ တွေထဲ က သူမ်အတွက်
ညီမျှခြင်း ရဲ့တစ်ဘက် ကမ်းတွေ
တူညီမှာ မဟုတ်ဘူး..

သတိရ ခြင်းဆိုတာ
တားဆီးလို့ မရနိုင်တဲ့
မွေးရာပါ ဗီဇ တစ်ခု
အတိတ်ဆိုတာ ရောင်စုံ ကာတွန်း စာအုပ်
အမြဲတမ်း ပြန်ဖတ်ချင် နေတာဘဲ
ဝန်မခံ ချင်တာက လွဲရင်ပေါ့.

ချစ်သူ ရေ
ပုံပြင် ထဲကလို တော့ ငါ မြတ်နိုးခဲ့တာ မဟုတ်ဘူး
ညဘက်တွေမှာ ငါ လန့်နိုးလာခဲ့ရင်တောင်
သူမ လက်ဖျားလေးတွေကို
ဆုပ်ကိုင်ချင်တဲ့ ကောင်ပါကွာ.

သံသယ ဆိုတဲ့ အက်ကြောင်းကို
ဘယ်လို နတ်ဆိုးမျိုးက
စုတ်ပြတ်သတ်အောင် ဆွဲခဲ့တာလဲ
ငါတို့ ဖာထေးရင်းနဲ့
သူမ နဲ့နားလည်ခဲ့တဲ့ ရင်ခုန်သံတွေ
၁၈၀ံလောက် ဝေးသွားခဲ့တာပေါ့..

လက်ရုံး

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP