Pages

အဆုံးမဲ့ အချစ်

>> Wednesday, August 29, 2007

အသိစိတ်တွေ မြေကြီးလို
ညစ်ထွေးနေချိန်မှာ
ရင်ဘက်တစ်ခြမ်းထဲနဲ့
ခံစားနေခဲ့ရတာ နှစ်တွေကြာခဲ့ဘီ
ဘာမှမဟုတ်တဲ့ သံသယတွေနဲ့
ငါတို့အလွမ်းတွေ အဆိပ်သင့်ခဲ့တာပေါ့

ပြန်မဖြစ်နိုင်တဲ့ အတိတ်ကိုတော့
ငါ မ..မက်မောပါဘူး..
ပြီးတော့…အချစ်ဆိုတာလဲ
မီးတောင်သေ တစ်လုံးလိုဘဲလေ
လိုအပ်ချက်တွေ ပြည့်စုံရင်တော့
နောက်ထပ် ဖြစ်နိုင်သေးတာဘဲ
အာမခံ ချက်ဆိုတာ
စာချုပ်ပေါ်မှာ လက်မှတ်ရှိတိုင်း
ယုံကြည်ရတာ မဟုတ်ပါဘူးကွာ
မနေ့က အထိတော့
ငါ့ အိပ်မက်ထဲမှာ မင်းရှိနေသေးတယ်..

လက်ရုံး

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP