Pages

သုည မဲ့ မျှော်လင့်ခြင်း

>> Thursday, August 30, 2007

ပြက္ခဒိန်တွေက ဒုတိယအကြိမ် ထပ်မထုတ်ပေမယ့်
ပုံပြင်တစ်ပွေ့တစ်ပိုက်ကိုတော့
ထုပ်ပိုးသိမ်းဆီးထားလေရဲ့..

တြဂံ မှာထောင့် ၃ ထောင့်ရှိကြောင်း
သက်သေပြ ဖို့မလိုပါဘူး
ငါအသက်ရှူလိုက်တိုင်း
သူမ ကို သတိရနေတယ်ဆိုတာကိုလဲ
သံသယ မျက်လုံး ဘောင်မခတ်ချင်ပါနဲ့
တညလုံးမအိပ်တဲ့မြို့
မင်းအတွက် ငါတည်ဆောက်ပေးမယ်
ဒါပေမယ့်လည်း
အိပ်မက်ဆိုတာ လက်တွေ့ဘ၀မှာ
တကယ်ပေါင်းစပ်လို့ မှမရတာ..
ကြယ်တွေ ပိုးစိုးပက်စက် ကျဆုံးနေတာလဲ
ငါ့ဆန္ဒတွေ သိမ်းဆည်းခံထားရတုန်းဘဲ

အရာရာတိုင်း အတွက်
ကိန်ဂဏာန်းတွေနဲ့ တန်ဖိုး သက်မှတ်ပြီးသားလေ
ဘာအတွက်နဲ့မှတော့
ငါအပေါ်မင်းထားခဲ့တဲ့
သံယောဇဉ် တွေကို
တန်ဖိုးမလျှော့လိုက်ပါနဲ့ကွာ

လက်ရုံး

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP