Pages

မာယာ ၀ါဂွမ်းဖြူ

>> Sunday, August 10, 2008

ဝါဂွမ်းဖြူ…
ပိုးစုန်းကြူးတစ်ကောင်ရဲ့ လာရာလမ်းမှာ
မီးမထွန်းထားသလို
လိပ်ပြာတစ်ကောင်ရဲ့ ပျံရာလမ်းမှာလည်း
ပန်းမခင်းထားဘူး -
ဝါဂွမ်းဖြူ…
မင်းဆီလာတဲ့ လာရာလမ်းမှာ
လမင်းရဲ့ အလင်းမရှိသလို
အသည်းနှလုံးတံခါးချပ်မှာလည်း
သော့ ပိတ်မထားပါဘူး…
စိမ်းစိမ်းကြည့်တဲ့ မျက်လုံးတွေ -
ပြုစားထားတဲ့ နှုတ်ခမ်းတွေ -
အမှောင်ကျစေတဲ့ ဆံနွယ်ခွေတွေ -
အားလုံးဟာ အစိမ်းသက်သက်ပါပဲ …
အမုန်းဆုံးလို့ ရိုးသားခဲ့တာတွေ
အချစ်ကစလို့ ဖြူစင်ခဲ့တာတွေ
မျက်နှာကိုမေးရင် သိတာပဲ မဟုတ်လား … ၀ါဂွမ်းဖြူရေ -
ဒါနဲ့များ
ငါ့ကို အကျရည်ထဲ အဆိပ်ထည့်
ခွက်တစ်ခုနဲ့ ၀ိဥာဉ်ကို
မာယာတောထဲ လွှင့်ခဲ့ရက်လေသလား …


လ၀န်း

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP