သခင်ကြင်လှည့်.....
>> Saturday, August 16, 2008
မဆုံခင်ဝေး ရင်တွင်ဆွေးပြီး
ကိုယ်တည်းကျန်ရစ် ကျွန့်အဖြစ်က
သခင်မာန်လျှော့ ကြင်နာတော့မှ
ချစ်ပန်းဖူးသစ် ပျိုးတိုင်းဖြစ်မည်
ချစ်မိုးစွေ့ပါစေသား....
ငါ၏လက်ရာ ဤကဗျာသည်
လွန်စွာပြေပြစ် ရေးတိုင်းဖြစ်လည်း
သခင့်အလှ ထွန်းသစ်စကို
တုပယှဉ်ပြိုင် မညွန်းနိုင်ပြီ
ကောင်းခြင်းမရေနိုင်ပြီတကား.....
ငါ၏သိက္ခာ ဂုဏ်ရှိန်ဝါသည်
လွန်စွာခန့်တည် ပြည့်စုံကြွယ်လည်း
သခင့်ထံဝယ် ပိုးစုန်းငယ်သို့
ချစ်ရေးငယ်သူပါတကား....
ငါ၏ချစ်ခြင်း မြဲခိုင်လင်းသည်
လွန်စွာသန့်စင် ရွှန်းလဲ့သွင်လည်း
သခင့်နှလုံး စိန်တောင်တုံးကို
လှိုက်စားစွမ်းပြိုင် မပျော်နိုင်ပြီ
မာကျောလှပါပေတကား...
ချစ်သူသခင် စီမ်းဘုရင်သည်
တိမ်ကောညွှတ်ပါး ကျွန့်ရိပ်နားဝယ်
ဘယ်ခါဘယ်နေ့ ခိုလှုံမွေ့မည်
ကြိုကာမသိ မှန်းဆမိသည်
မြန်ဆုံးရောက်ပါစေသား......
0 comments:
Post a Comment