Pages

ဘ၀ကိုယ်တိုင် သရုပ်ဆောင်တဲ့ ပြဇာတ်

>> Saturday, September 13, 2008

ဘ၀ကို မှော်ဆရာရဲ့ ကြိမ်လုံးထဲ ထည့် ဝှေ့ယမ်းကြည့်လိုက်တယ်
ဘယ်လို ထူးခြား ခမ်းနားဆန်းကြယ်ခြင်းတွေ ထွက်ကျလာမလဲလို့

ဘ၀ကို လူမိုက်တစ်ယောက်ရဲ့ သေနတ်ထဲ ထည့် ပစ်ကြည့်လိုက်တယ်
ဘယ်လို လျင်မြန်ခြင်းမျိုးနဲ့ ရန်သူ့ဘ၀ကို ထိုးဖောက်ချေဖျက်လိုက်မလဲလို့

ဘ၀ကို မြွေတစ်ကောင်ရဲ့ လျှာဖျားလေးမှာ တင်ထားကြည့်လိုက်တယ်
ဘယ်လို အဆိပ်ပြင်းမျိုးတွေနဲ့ မွေးဖွားရှင်သန်နိုင်မလဲလို့

ဘ၀ကို ပက်စီပုလင်းထဲ ထည့် သောက်ကြည့်လိုက်တယ်
ဘယ်လို လေပူစီဖောင်းလေးက ဘ၀ရဲ့ အရသာဖြစ်လိမ့်မလဲလို့

ဘ၀ကို ဆက်ကပ်ဆရာရဲ့ ဓားတစ်ချောင်းထဲ ထည့် ပစ်ကြည့်လိုက်တယ်
ဘယ်လို တိကျမှုမျိုးနဲ့ ပန်းတိုင်ကို ရောက်မလဲလို့

ဘ၀ကို ကဗျာတစ်ပုဒ်ထဲ ထည့် ဖတ်ကြည့်လိုက်တယ်
ဘယ်လို ဖရိုဖရဲ အဓိပ္ပာယ်တွေေ၀၀ါးလေမလဲလို့

ဘ၀ကို နှလုံးသားလေးထဲ ထည့် စီးဆင်းကြည့်လိုက်တယ်
ဘယ်လို ရင်ခုန်မှုမျိုးနဲ့ ကြည်နူးခြင်းတွေ ဖိတ်စင်ကျလာမလဲလို့

ဘ၀ကို ရေနွေးအိုးထဲ ထည့် တည်ကြည့်လိုက်တယ်
ဘယ်လို မေးခွန်းမျိုးတွေ ပလုံစီ ပွက်ပွက်ဆူလာမလဲလို့

ဘ၀ကို ဘ၀ထဲ ပြန်ထည့် ၀တ်ဆင်ကြည့်လိုက်တယ်
ဘ၀ဟာ ဘ၀နဲ့ မတော်တော့ဘူး
မပြီးသေးတဲ့ မေးခွန်းတွေနဲ့
ဘာမှမရှိခြင်းတွေနဲ့ပဲ ပိတ်ကားချလိုက်ရတော့တယ်
ပြီးပါပြီပေါ့ …။

l0gtic

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP