Pages

ဆေးကြောတဲ့နေ့တစ်နေ့

>> Wednesday, November 12, 2008

စိတ်ကို ကြိုးဖြေပြီး
ငါ့ရင်ထဲက အနည်အနှစ်တွေနဲ့ ပင်လယ်ကို သန့်စင်ဖို့ကြိုးစား
ဘ၀ကိုတော့ အင်္ကျီချိတ်မှာ ချိတ်ပြီး နေလှန်းရမယ်

ကဲ မိတ်ဟောင်းဆွေဟောင်းကြီး မနက်ဖြန်ရေ
သန့်စင်တဲ့ အလင်းတို့နဲ့ ငါ့ကို လက်ဆွဲနှုတ်ဆက်ပါလေ
အညှာအတာကင်းမဲ့တဲ့ မြှားမိုးတွေတော့ တော်လောက်ပြီ

ဒီလို
စူးတွေနဲ့ အမှတ်တရ အဆင်မပြေမှုများ
ချွန်ထက်လှပတဲ့ အမြတ်တနိုး ဒဏ်ရာများ
ငါ့ရင်ဘတ်ထဲ ပွေ့ပိုက်မထားချင်ဘူး
ရောက်ရာနေရာမှာ ငါ ချထားပစ်ခဲ့ရမှာပဲ

တကယ်ပါ
စိတ်ကို ရေချိုး ဂျီးညှော်တိုက်ပေးပြီးသွားပြီ
ဘ၀လည်း နေရောင်အလုံအလောက်နဲ့ အနံအသက်ပျောက်လောက်ပြီ
ရှေ့ဆက်ဖို့အတွက် မနက်ဖြန်လင်းဖို့ပဲ ကျန်တော့တယ်

ကောင်းမြတ်သော နေရောင်ခြည်
ငါ့အား မွေးဖွားရန်
ထွန်းညှိပါတော့လော့ …

slp

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP