Pages

လွမ်းတဲ့အကြောင်း

>> Thursday, November 20, 2008

မှိတ်တုတ်မှိတ်တုတ်နဲ့ ငါ့အလွမ်းတွေ အားကောင်းလာလိုက်တာ
ညဆိုတာမှာ အိပ်စက်ခြင်းကို ငါမေ့သွားတယ်

ငါ့လက်ဖျားပေါ်က အနွေးငွေ့လေး
အခုထိ လောင်ကျွမ်းအားကောင်းတုန်း
နူးညံ့ခြင်းတစ်သိုက်နဲ့ ငါ့စိတ်တွေ လှိုက်သွားတယ်
သာမာန်ကိစ္စလေးမှာလဲ သူ့ကြီးကျယ်ခမ်းနားမှုနဲ့သူ

ချစ်ခြင်းမေတ္တာမှာ ငါကျေနပ်တာလည်း ဒါပဲ
ရိုးရိုးဆန်းဆန်း ဂုဏ်ဒြပ်ခြင်းအတူတူ
သတိရစိတ်ခြင်း ထပ်တူ
ငါ့ညတွေကို ကိုင်လှုပ်နိုင်တာခြင်းလည်း တူ

အများကြီးပေးဆပ်စရာ မလိုဘူး
ဘာမှ ကြီးကြီးကျယ်ကျယ် လုပ်ပေးစရာလည်း မလိုဘူး
ဒီကောင်မှာ
မင်းလက်ဖ၀ါးလေးတစ်ဖက်တည်းနဲ့တင်
အလွမ်းတွေ သွပ်သွပ်ခါနေပေါ့…။ ။

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP