Pages

အချစ်အကြောင်း

>> Monday, February 16, 2009

အချစ်ရေးမှာ ဒီတစ်ယောက်နဲ့စ ဒီယောက်နဲ့ပဲဆုံးတယ်
ညနေတွေလိုပဲ အချစ်က အသစ်ပြန်ပြန်ဖြစ်နေတာ
တစ်ခါတစ်လေ သူပြိုင်ကိုယ်ပြိုင် စိတ်ဆိုးကြ
နောက်တော့လည်း အဲဒီကလေးကလားတွေကို မသိသလိုနေ ရယ်မောကြ
ရည်းစားဖြစ်စ ငါ ညာကိုင်ခဲ့ရတဲ့လက်ဖ၀ါးလေး အခုတော့ ငါ့လက်ထဲမှာ မြဲမြံ
ဒဏ်ရာတွေမှာလည်း အတူတူကွဲရှ …
သူ့ဒဏ်ရာ ကိုယ့်ဒဏ်ရာ အမာရွတ်ချင်းတူခဲ့ဖူးပြီ

အချစ်ရေကြည်လေး တစ်ယောက်အလွမ်းအိုးလေးထဲတစ်ယောက် ထည့်ပေး
နားလည်မှုအိမ်လေး တစ်ယောက်ရင်ထဲမှာတစ်ယောက် တည်ဆောက်
ပတ်ဝန်းကျင်က “ပိုတယ်”ပြောမှာလည်း မကြောက်ခဲ့ပါဘူး
ဒီလိုပဲ တစ်ယောက်ဘ၀ကို တစ်ယောက် ကဲ့ယူခဲ့ကြ
ဒီလိုပဲ တစ်ယောက်အသက် တစ်ယောက် ကူရှုပေးခဲ့ကြ

နှစ်တွေ လတွေတောင် အရှုံးပေးမလားလို့... ခိုင်မြဲခဲ့
ပခုံးပေါ်က သူ့ပါးရာလေး ငါတစ်သက်လုံး ထမ်းထားချင်တာပေါ့
အချစ်မှာ သံယောဇဉ်တစ်ပတ်ပြီးတစ်ပတ်ရစ်
ငါတို့ မပြည့်မစုံလေးနဲ့ပဲ ပြည်စုံကြတယ်

အချစ်က မတီးဘဲလည်း မြည်တယ် ငါတို့နှစ်ယောက်ကြား
လူပြိန်းနားလည်တဲ့စာတစ်ကြောင်းထပ်ပိုပိုသာသာ
အရှိတရားတွေ ဒိုးယိုပေါက် ရှင်းလင်းတိကျ
ငါတို့ကတော့ စလုံးရေ စ နေကြတုန်း…။ ။

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP