Pages

ညနေအသစ်တွေ

>> Thursday, February 26, 2009

ညနေအသစ်က လှတယ် … နာနာကျင်ကျင်
အဓိပ္ပာယ်မဲ့လွန်းလို့ နှစ်တွေတောင်ကွဲရှကုန်တယ်… ကြေကြေကွဲကွဲ

မခံနိုင် ရှိရိုးလား…
ခေါင်းဖြတ်ခံရတဲ့သူကိုမှ ဂုတ်ထပ်ချိုးတယ်
အကြိမ်ကြိမ်အခါခါ သေဆုံးခြင်းမှာ ငါတို့ ရှင်သန်ကြရ
ကယောက်ကယက်အိပ်မက်တွေတောင် အသံမကျယ်ရဲဘူးတဲ့

ကွဲခဲ့ရတဲ့ နှလုံးသားတွေ ဖြန့်ခင်း
ငါတို့သွေးကြောထဲမှာ လင်းတဲ့ လွတ်လပ်ခြင်းတွေရဲ့ ပျံသန်းခွင့်
ခေတ်က ခေတ်ကို အဓိပ္ပာယ်လွဲ၊ အယူမှား
အဖြေရှိရက်နဲ့ အဖြေမရခဲ့တဲ့ မေးခွန်းပေါင်းများစွာ
ငါတို့ မူးသမျှ စိတ်တိုင်းကျ အန်ချလို့မရခဲ့ဘူး

(၄)နှစ်…
ညနေအသစ်တွေ တဖျတ်ဖျတ် လွင့်ထွက်အိုဟောင်းသွား
ဆုပ်ကိုင်ထားသမျှ ထိုးထွက်လာတဲ့ သံသယတွေကို ဖိသိပ်
ဘ၀ဆိုတဲ့ တိုလီမုတ်စလေးက အဓိပ္ပာယ်မဲ့တယ်ဆိုတာထဲ ထဲထဲဝင်ဝင်…။ ။

0 comments:

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP