Pages

လိပ်ပြာမလုံတဲ့သူ

>> Monday, September 7, 2009

ဟေ့လူ
ခင်ဗျားအဖြစ်က သနားစရာ
ကိုယ့်နောက်ကျောမှာဘယ်သူရှိသလဲ ခဏခဏလှည့်လှည့်ကြည့်
အဲဒီလောက်ဖြစ်နေရင် နောက်ပြန် လမ်းလျှောက်ပါလား
အခုတော့ ခင်ဗျားက ကြက်ကြီးလည်လိမ်

ဟေ့လူ
ကိုယ့်မျက်ချေး ကိုယ်မြင်မှာစိုးလို့ မှန်တောင်မကြည့်ဘူးတဲ့လား
ဘယ်လိုဘ၀ပေးမျိုးနဲ့ ရတဲ့ ရွှေဥာဏ်တော်ပါလဲနော်
ပုတ်ပုတ်သိုးသိုးနဲ့ ခင်ဗျားရုပ်ကို ရွှေချထားပါလား
ကျွန်တော်တို့မှာ ရယ်ချင်ပက်ကျိ

ဟေ့လူ
ငရဲပြည်ထိ အခေါ်ခံရမှာစိုးလို့
ဓာတ်လှေခါးတောင် သတိလက်လွတ်မစီးဘူးဆို
ဖြစ်နေလိုက်တာပြောပါတယ်
ကိုယ့်အကုသိုလ်ကို ကိုယ် အတော်စိတ်ချ
လိပ်ပြာလေးကိုတောင် လှန့်နေပြီလားဗျာ

ဟေ့လူ
လာမယ်ဆိုရင်
အပြစ်တွေ ပြောင်အောင်ဆေးခဲ့
ကိုယ့်နောက်ကျောကို လုံအောင်ဖုံးခဲ့
ရိုးသားမှုကို ကျောပိုးခဲ့
နောက်ဆို
ကျွန်တော်တို့ မျက်လုံးဒဏ်တွေအောက်မှာ
ခင်ဗျား သေတာထက်ဆိုးသွားလိမ့်မယ်။

7 comments:

အိုင်လွယ်ပန်,  September 8, 2009 at 12:45 AM  

အမုန်းဖြဲနေပါလားကိုစိုင်းရ ...
ဘာတွေ အစာမကြေဖြစ် :)

MANORHARY,  September 8, 2009 at 9:20 PM  

ကိုယ့်အရိပ်တောင် ကိုယ်တစ္ဆေထင်တဲ့သူတွေ...

mgngal,  September 9, 2009 at 5:40 AM  

နဲနဲတော့ ဖြုံသွားတယ် ကဗျာဖတ်ပြီး ။ ဒါလည်း ရသ တခုပေါ့ဗျာ ။း)

mgngal,  September 9, 2009 at 5:40 AM  

နဲနဲတော့ ဖြုံသွားတယ် ကဗျာဖတ်ပြီး ။ ဒါလည်း ရသ တခုပေါ့ဗျာ ။း)

စိမ်း...,  September 9, 2009 at 8:21 AM  

ဟဲ့ ပလုတ်တုတ်... လန့်ထှာ... ဘယ်သူ့ကိုတည့်(ဒဲ့)ပြောတာလဲဟင်....

ခင်တဲ့
စိမ်း

ထက်စု,  September 19, 2009 at 3:01 PM  

ကိုစိုင်းရေ ပြောလိုက်တော့လဲ တလုံးတခဲနဲ့ ဒီလောက်လဲရဲရင့်နေပါရော့လား....ကဗျာဆိုတာဒီလိုလားဗျာ အားကျလိုက်ပါဘိ

Angel Shaper,  September 25, 2009 at 5:31 AM  

အားးးပါးးးပါးးးးးးးးးး
ပြောင်မြောက်လိုက်တဲ့ ကဗျာ။
ဘာပြောရမှန်းကို မသိတော့ဘူး ကိုစိုင်းေ၇...

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP