Pages

ရပ်ကြည့်နေရင်း ချော်လဲ

>> Wednesday, September 2, 2009

အိမ်မက်တွေ တောင်လိုရာလိုပုံ
ယုံကြည်ခြင်းတွေ မခမ်းနားတော့ဘူး
ဖြစ်ပျက်သမျှရပ်ငေးနေဖို့ ငါကိုက တတ်နိုင်လွန်းတယ်

ဆင်ခြင်တုံတရားလည်း ချွန်းမအုပ်နိုင်ဘူး
စဉ်းစားဥာဏ်မရှိဘူးလားဆိုတော့လည်း မဟုတ်ဘူး
ဒီနေရာမှာပဲ ရပ်တန်းက ရပ်ရင်ကောင်းမယ်နော်
လုပ်စရာရှိတာ ဆက်လုပ်ဖို့

နာရီတွေ ခပ်မြန်မြန်လည်
ထုံအမှုနဲ့ စီးဆင်း
ခပ်မြန်မြန် ... ခပ်မြန်မြန်
အလွန်လျှင်မြန်စွာ

အခုမှ စနစ်တကျ ချော်လဲတယ်ဆိုတာ

8 comments:

အိုင်လွယ်ပန် September 3, 2009 at 12:49 AM  

ရပ်ကြည့်နေရင်းက ချော်လဲ
အင်းးး
သဘောကျမိပေါ့ ကိုစိုင်းရေ :)

mgngal September 3, 2009 at 9:22 AM  

တကယ် စနစ်တကျ ချော်လဲနေတော့တာပါပဲ ကိုစိုင်းရာ ။

MANORHARY September 3, 2009 at 6:54 PM  

ခုမှပဲ စနစ်တကျချော်လဲကြတော့တယ် ရပ်ကြည့်ရင်း....

လင်းဒီပ September 3, 2009 at 8:18 PM  

စနစ်တကျ ချော်လဲတယ် ဆိုတော့ နာကျင်တာ သတိလေးနဲ့ ဖြည်းဖြည်းချင်း ခံစားလို့ရတာပေါ့..။

. September 4, 2009 at 11:07 PM  

စနစ်တကျ ချော်လဲခဲ့တယ်လားး .

ကောင်းပါ့ဗျာ ကဗျာလေးက

စိမ်း... September 7, 2009 at 8:35 AM  

ကြိုက်တယ် ဒီကဗျာလည်း ..

Angel Shaper September 25, 2009 at 5:43 AM  

အင်းးးးးးးး စနစ်တကျ ချော်လဲကြကုန်ပြီ။

Anonymous,  October 19, 2009 at 2:27 PM  

ကိုစိုင်းရေ
တော်တော်လေးကောင်းပါတယ်

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP