Pages

ဒုက္ခကိုလွယ်ပြီး အားလုံးအဆင်ပြေပါတယ်ပြောတယ်

>> Wednesday, August 26, 2009

ရှိတဲ့ထမင်းနဲနဲလေးကိုပဲ အများကြီးရှိသလိုအကြာကြီးစားတယ်
ဗိုက်ကလေး မ၀တ၀ကိုပဲ အ၀ကြီးဖြစ်နေသလို ရေသောက်တယ်

ဆရာပြောသမျှ တစ်စွန်းတစ်စကြားပြီး သိသလိုလို ခေါင်းညိမ့်တယ်
တစ်လုံးမှနားမလည်တဲ့စာတွေကို နားလည်သလိုခပ်တည်တည်ကျော်ဖတ်တယ်

ဖြစ်နေပုံများပြောပါတယ်
မိုးရွာနေတာသိရက်နဲ့ ထီးမဆောင်းဘူး
ဖိနပ်ထဲက ခဲလုံး၊ များများနင်းပေးရုံနဲ့ ထွက်မသွားဘူး

မေမေရေ...
ဒီနေ့ကျွန်တော် ကိုယ့်ကိုကိုယ် အမှန်ပြောဖို့ ဘာကြောင့်များခက်နေရပါလိမ့်။
ဒုက္ခကိုမှ အလှဆင်လွယ်ပြီး
အားလုံးအဆင်ပြေပါတယ် ပြောမိတယ်လေ။

9 comments:

MANORHARY August 26, 2009 at 7:29 PM  

facebook မှာတည်းက like လို့ကလစ်ခဲ့တာ
တော်ပုံက အဲဒါ စိုင်းလောင်ပိန်းမှန်းမသိး))
ဒုက္ခကိုလွယ်ပြီးထပ်ပြောလိုက်မယ်
ကဗျာလေးကကောင်းတယ်..........

အိုင်လွယ်ပန် August 26, 2009 at 11:55 PM  

အန်မရ ပြုမရ ဒုက္ခတွေ ...
ဆိုးတယ်ကိုစိုင်းရေ ....

mgngal August 27, 2009 at 5:02 AM  

ဖြစ်တတ်တယ် အိမ်ကိုဖုန်းဆက်တဲ့အခါ ... ။ ဖြစ်နေတာတွေ ကွက်ကွက်ကွင်းကွင်း .။

Moe Hlaing Nya August 27, 2009 at 8:27 PM  

ကိုစိုင်းရေ

အားလုံးအဆင်ပြေပါတယ်
ကျွန်တော်တို့မသက်မသာနဲ့
အဲဒီလိုပဲ ဆက်ပြောနေရတယ်
ခင်မင်လေးစားလျှက်

Unknown August 29, 2009 at 3:27 AM  

ကိုစိုင်းရေ ဘယ်လိုပြောရမလည်း အဆင်ပြေပါတယ်ပေါ့
:) ကောင်းသောနေ့ဗျာ :)

Angel Shaper August 29, 2009 at 3:12 PM  

ဒုက္ခကိုမှ အလှဆင်လွယ်ပြီး
အားလုံးအဆင်ပြေပါတယ် ပြောမိတယ်လေ။

မှန်လိုက်တာဗျာ။ ခုထိ ပြောမိတုန်းပါပဲနော်။
လေးစားတယ် ကိုစိုင်းရေ.....
အားလုံးအဆင်ပြေပါစေ။

လင်းဒီပ September 3, 2009 at 8:16 PM  

အဆင်ပြေပါဒယ်..အဆင်ပြေပါဒယ်..။

. September 4, 2009 at 11:24 PM  

အင်းးး ပာုတ်ပါတယ် . . .

ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်ပေါ့ ဗျာ

စိမ်း... September 7, 2009 at 8:34 AM  

ကောင်းချက်တော်....

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP