Pages

အလွမ်းတွေနဲ့ မျှော်လင့်ချက်မဲ့

>> Friday, August 7, 2009

မင်းဟာ ငါ့ရဲ့ပေါက်ကွဲမှု မီးတောင်
အချိန်ဘယ်လောက်ကြာကြာ လောင်ကျွမ်းအားကောင်းဆဲ

အချစ်ဆိုတာ ဒဏ်ရာနဲ့မှ လှတယ်လို့ ခပ်တည်တည်ပြောခဲ့သမျှ
အခုမှ အလွမ်းတွေနဲ့ အလဲလဲကွဲ
ရှိရင်းစွဲအိပ်မက်တွေ တစ်ပတ်တင်းခဲ့ပေါ့

အရှေ့ဘက်ကောင်းကင်မှာ အလွမ်းတွေ ရေသောက်ဆင်းတဲ့အချိန်လေ
ငါ့ရဲ့အပိုင်းအစလေးတွေ ငါလိုက်ကောက်လို့
မင်းကို သတိရကြောင်း ရေးခဲ့ဖူး၊ ရေးနေဆဲ၊ ရေးနေလိမ့်ဦးမယ်

ငါ့ရဲ့ အလွမ်းတွေ ချန်လှပ်မခံရဖို့
မင်းမှပဲ ကယ်တင်နိုင်လိမ့်မယ်
ငါ့ဘယ်ဘက်ရင်အုံပေါ်က အနွေးငွေ့လေးရေ…

3 comments:

Beauty Studio USA Branded Store,  August 7, 2009 at 4:42 PM  

ကိုစိုင်းရေ....
ကဗျာလေးက ကောင်းလိုက်တာ..။
အဓိပ္ပါယ်လဲကောင်းတယ်။
စာသားအားလဲရှိတယ်။
လွမ်းမောနေရတဲ့ ချစ်သူကို ခံစားမှုတွေ ပြလိုက်တာ အလွမ်းပြခန်းထဲ ရောက်သွားသလို ခံစားရတယ်။ကြိုက်တယ်ဗျာ။
ဆက်သာလွမ်း...
ဆက်သာရေး....
ဆက်သာခင်းကျင်းလိုက်ပါဦး စိုင်းရေ.....။

MANORHARY,  August 7, 2009 at 5:10 PM  

အလွမ်းတွေနဲ့ မျှော်လင့်ချက်မဲ့......
အလွမ်းတွေနဲ့ မျှော်လင့်ချက်မဲ့........

အိုင်လွယ်ပန်,  August 7, 2009 at 10:49 PM  

အေးဗျာ ...
တစ်ပုဒ်လုံးဖတ် ပြီးမှ
ခေါင်းစဉ်ပြန်ဖတ် ...
အဲသမှာ
မျှော်လင့်ချက်မဲ့ ...
အလွမ်းရဲ့ အနွေးငွေ့ငွေ့တွေ ....

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP