Pages

ဝံပုလွေများ

>> Wednesday, August 19, 2009

ကမ္ဘာမြေကြီးပေါ်ကို ရောက်လာကတည်းက
လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လို့
မကျေနပ်နိုင်တဲ့ ဆာလောင်မွတ်သိပ်မှုနဲ့
သူတို့ … လောကကြီးကိုတစ်ချက်ဝေ့ကြည့်တယ်

ဒီလိုနဲ့
သဘာဝတရားရဲ့ သွေးကြောထဲမှာ
အတ္တတွေပြိုင်ဖို့
သူတို့ တက်တက်ကြွကြွအသက်ရှူမှန်ကြတော့တယ်

အနည်းဆုံးတော့
တဖက်လူကို ထိုးနှက်ဖို့
သူတို့အရေပြားအောက်မှာ
ကိုယ်ပိုင်အမှန်တရားချွန်ချွန်တစ်ခု ဖွက်ထားကြလိမ့်မယ်

ကောက်ကျစ်မှုအကြောင်းပြောတော့ စကားလုံးတွေ သိပ်လှတာပဲ
ထောင်ချောက်ပေါင်းမြောက်များစွာ စကားတွေကြား ဖွက်ထားကြတယ်
ပြုံပြတဲ့အပြုံးမှာ ထက်မြတဲ့ အစွယ်တွေနဲ့

ဟုတ်ကဲ့ … မင်္ဂလာပါခင်ဗျာ …တဲ့။

4 comments:

အိုင်လွယ်ပန် August 19, 2009 at 11:44 PM  

ကြောက်စရာတွေပဲ ...
ဒါပေမယ့် သူတို့ က သိပ်လှအောင်နေတတ်ကြတယ် ကိုစိုင်း ....

mgphonemyint August 21, 2009 at 4:27 AM  

မင်္ဂလာပါ...
ကျနော်လဲ ဝံပုလေတကောင်ပဲ ။

Angel Shaper August 29, 2009 at 3:23 PM  

ကိုစိုင်းကြီး ရေးတတ်လိုက်တာဗျာ။
မင်္ဂလာပါနော်။
ဟဲဟဲ။ တို့ လဲ ၀ံပုလွေ တစ်ကောင်ပဲနေမယ်။

နတ်သရဲ,  November 4, 2010 at 8:10 PM  

ကျနော်တို့အကြံတူတွေပါပဲ

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP