Pages

လူပျင်းစကား

>> Sunday, August 16, 2009

ဘ၀နဲ့ လွဲနေတာတော့ ကြာပြီ အဖေ
ပျင်းပျင်းရှိတိုင်း အုန်းလွဲအောင် အိပ်တတ်သူကျွန်တော်လေ
ကြာတော့ လူကိုယ်တိုင်က နှစ်ဆယ်သုံးနှစ်ပိုင်းတစ်ပိုင်း တိမ်းစောင်းခဲ့

အမြင်တွေမှားနေတာလား၊ အမှားတွေ မြင်နေတာလား
ဘယ်ဒင်းက ပိုမှန်မလဲ
အဖြေမရှိဘူးအဖေ၊ ကျွန်တော်က လူပျင်းပါ
ပျင်းလို့ ဘာမှ မပြောပဲ အပြင်ထွက်ထိုင်နေတာ ကြာပြီပဲ

အဖေ အားမလိုအားမရဖြစ်ချင်လည်း ဖြစ်စရာ ကျွန်တော်ပါ
ဘာတစ်ခုမှ ပြီးအောင်မလုပ်ခဲ့သူ ကျွန်တော်ပါ
အသုံးမကျတဲ့စကားလုံးတွေနဲ့ စကားတွေအများကြီးဖြုန်းတီးခဲ့သူ ကျွန်တော်ပါ
အခက်ခဲဆုံး ပထမဆုံးခြေလှမ်းကို
အပျင်းပေါင်းတစ်ထောင်နဲ့ ပေပေတေတေ ကျွန်တော်ငြင်းဆန်ခဲ့ပေါ့
အဖေသာ အနားမှာရှိရင် အဆော်ခံထိမှာ အသေအချာ

ဖေဖေရေ...
သိပ်လှတဲ့ နွေဦးလေးတစ်ခုလောက်တော့
ကျွန်တော်တို့ ပိုင်ဆိုင်လိုက်ချင်တယ်
အဲဒါဆိုရင်ပဲ ကျွန်တော်ရဲ့ ပျင်းရိမှုတွေကို ဆေးကြောသန့်စင်ပြီး
လုပ်စရာရှိတာတွေ အားကြိုးမာန်တက်လုပ်ပစ်လိုက်ပါ့မယ်
ခက်နေတာက အဖေရယ်
နွေဦးကို ဆောင်ကြဉ်းဖို့ ကျွန်တော်က ပျံလွှားငှက်မဟုတ်ခဲ့ပါဘူး
ကံဆိုးတွေ မိုးမှောင်ကျဆဲ...။ ။

5 comments:

အိုင်လွယ်ပန် August 16, 2009 at 5:02 PM  

ကျွန်တော်တောင် ခပ်ပျင်းပျင်း
ရှိလာပြီ ..:)

Unknown August 16, 2009 at 5:13 PM  

တခါတလေ လည်းပျင်းနေရတာကောင်းတယ် :)
ကောင်းသောနေ့ပါ ကိုစိုင်းရေ :)

လင်းဒီပ August 16, 2009 at 9:33 PM  

ဝါး....
ပျင်းလိုက်တာ.....
ရောက်မလာသေးတဲ့နွေဦးကိုစောင့်ရင်း ဆက်ပျင်းလိုက်ဦးမယ်ဗျာ...။

Angel Shaper August 17, 2009 at 5:41 AM  

ပျင်းသောနေ့လေးပါ။ အဲ...
ကောင်းသောနေ့လေးပါ ကိုစိုင်းကြီးရေ...
သိပ်လှတဲ့ နွေဦးလေးက ပျင်းရိမှုတွေ ဆေးကြောပြီး အားအင်သစ်တွေပေးပါစေဗျာ။။။။

Beauty Studio USA Branded Store August 18, 2009 at 8:14 AM  

ကိုစိုင်းရေ ကောင်းတယ်ဗျာ။ငပျင်းတွေ ဗီဇအတိုင်း အကြောင်းပြချက်တွေတော့ ရှိသားဗျ။ :)

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP