Pages

မှတ် မှတ် ရ ရ

>> Friday, August 21, 2009

မှတ် မှတ် ရ ရ
သူငယ်ချင်းရေ
မနက်ဖြန် ဆိုတာ ငါတို့မပိုင်သေးတဲ့အရာတစ်ခု
ဒီနေ့ဆိုတာလဲမရေ ရာခြင်းများစွာနဲ့
ပြီးသွားတဲ့ မနေ့ကတွေကလဲ မှုန်ဝါးဝါးနဲ့
ပြန်တွေ ကြည့် တော့ လဲ ဘာရယ်မှမဟုတ်ပါဘူးကွာ
ငါတို့ရင်ဘတ်တွေ အခိုးခံ ခဲ့ရတယ်
ငါတို့ကြည်ဖြူစွာနဲ့ဘဲ လက်ပိုက်ကြည့်နေခဲ့တယ်
လိုမှမလိုအပ်ဘဲကွာ..ကလေးတွေလိုအော်မနေတော့ပါဘူး
တစ်ချိန်ကြတော့လည်း လူကြိးဘ၀ စားမြုံ ပြန်စရာပေါ့...
ငါဆိုခဲ့သလိုဘဲ
ဘာမှလဲတွေးမထားချင် သလို
ဘာမှလဲမစဉ်းစားထားဘူး
လက်ရှိ အတိုင်းဘဲ
ဝါကျ တစ်ကြောင်းကို အနှောင်အဖွဲ့ကင်းကင်းနဲ့
အဓိပ္ပါယ်ရှိရှိ ဆက်ရေးကြတာပေါ့.....

လက်ရုံး

3 comments:

အိုင်လွယ်ပန် August 22, 2009 at 12:45 AM  

မှတ်မှတ်ရရခံစားသွားပါတယ်
ကိုလက်ရုံးရေ :)

လင်းဒီပ August 23, 2009 at 4:39 PM  

ရင်ဘတ်တွေ အခိုးခံရတာ တနေ့တော့လည်း ပြန်ပြောရင်း ရယ်မောကြတာပေါ့..။

Angel Shaper August 29, 2009 at 3:15 PM  

မနက်ဖြန် ဆိုတာ ငါတို့မပိုင်သေးတဲ့အရာတစ်ခု
ဒီနေ့ဆိုတာလဲမရေ ရာခြင်းများစွာနဲ့။
ပြီးသွားတဲ့ မနေ့ကတွေကလဲ မှုန်ဝါးဝါးနဲ့
ပြန်တွေ ကြည့် တော့ လဲ ဘာရယ်မှမဟုတ်ပါဘူးကွာ။

ဟုတ်ပါရဲ့နော်။

ငါတို့ရင်ဘတ်တွေ အခိုးခံ ခဲ့ရတယ်
ငါတို့ကြည်ဖြူစွာနဲ့ဘဲ လက်ပိုက်ကြည့်နေခဲ့တယ်။
လိုမှမလိုအပ်ဘဲကွာ..ကလေးတွေလိုအော်မနေတော့ပါဘူး
တစ်ချိန်ကြတော့လည်း လူကြိးဘ၀ စားမြုံ ပြန်စရာပေါ့...

သေချာလိုက်တဲ့ ၀ါကျလေးတွေပါလား။
ကောင်းချက် ကယ်။။။

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP